ထိုစီမံကိန်းလုပ်ငန်းစဉ်တွင် ဂျပန် ကားကုမ္ပဏီကြီးများဖြစ်သော ဟွန်ဒါ၊ စူဇူကီး အော်တိုတို့မှ အဖွဲ့ဝင်ပေါင်း ၄၀၀ ကျော်၊ မြန်မာ့ကားထုတ်လုပ် လုပ်ငန်းရှင် ၇၃ ဦးတက်ရောက်ခဲ့သည်။
လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံတွင်အခြေစိုက်ပြီး အိမ်နီးချင်း နိုင်ငံများကို လက်လီ ပြန်ရောင်းချနိုင်ရေးဖြစ်သည်။
စူဇူကီး ဂျပန်ကားကုမ္ပဏီ ဥက္ကဋ္ဌ Tokushige Shimada က ဤ လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အစီအစဉ် ရှိခဲ့ကြောင်း၊ မြန်မာတွင် အခြေစိုက်၍ အိမ်နီးချင်းဖြစ်သော ဘင်္ဂလားဒေရှ်နှင့် အင်ဒိုနီးရှားတို့အား အဓိက ပစ်မှတ်ထားကြောင်း၊ နောက်တချက်ကတော့ မြန်မာတွင် လုပ်ငန်းအတွက် လုပ်အားခ သက်သာကြောင်း ပြောသွားသည်။
မြန်မာလုပ်ငန်းရှင်တဦးက “ဒီမှာက လုပ်အားခကို တခြားနိုင်ငံမှာ ယှဉ်လိုက်ရင် အများကြီး သက်သာတယ်လေ။ နောက်တခုက မြို့ကြီးတွေမှာ မော်တော်ယာဉ်တွေက လက်ရှိလူဦးရေနဲ့ဆို မမျှဘူးဖြစ်နေတယ်။ သူတို့လာလုပ်မယ်ဆိုရင် အနာဂတ်အတွက် အကျိုးမြတ်တွေ အများကြီးရနိုင်တယ်” ဟု ဆိုသည်။
ဝင်းလက်
Ref: www.cnfol.com
ဂျပန်က မြန်မာပြည်ထဲမျာ ကားထုတ်လုပ်မယ် ဆိုတာ ကောင်းတာပေါ့...။ ကားဈေးတွေကျပြီး ကားစီးနိုင်တဲ့သူတွေ ပေါများလာနိုင်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားက လုံလောက်အောင် ပေးနိုင်ပါ့မလား ဆိုတာရယ်..၊ နေရာတကာ ဗိုလ်ကျ၊စီးပွားရေးကို လက်ဝါးကြီး အုပ်နေတဲ့ ဦးပိုင်က လာပြီးချုပ်ကိုင် အုံးမှာလား ဆိုတာရယ် မေးစရာလေးတွေ ရှိတယ်။