အမျိုးအစား
အမည်
ဇာတ်ကား
Supporting Actress
Melissa Leo
The fighter
Supporting Actor
Christian Bale
The fighter
Best Actress
Natalie Portman
Black Swan
Best Actor
Colin Firth
King’s Speech
Best Director
Tom Hooper
King’s Speech
Best Original Screenplay
David Seidler
King’s Speech
Adapted Screenplay
Arron Sorkin
The social network
Best Foreign Language
Inabetterworld (Demark)
Visual Effect
Inception
Best Animated Feature
Toy Story 3
Best Picture
The King’s Speech
Best original song
We belong Together
Toy story 3
Best of made up
The wolf man
Oscar Academy Awards ဆုများကို အထက်ပါအတိုင်း ကြေညာသွားခဲ့ပါတယ်။ ရုပ်ရှင်ကျွမ်းကျင်သူများ ခန့်မှန်း ထားတဲ့အတိုင်း ဆုအများဆုံးကို သိမ်းပိုက်သွားတဲ့ The King’s Speech ဇာတ်ကားကတော့ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ အင်္ဂလန်ဘုရင် ဂျော့ ၆ ရဲ့ ရေဒီယို အသံလှိုင်းကနေ ပြည်သူကို ပထမဆုံး သမိုင်းဝင် မိန့်ခွန်း ပြောခန်းကို ဖော်ကျူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဒုတိယ အများဆုံးကတော့The fighter ဖြစ်ပြီး လက်ရှိအမေရိကန်နိုင်ငံရဲ့ မိသားစုတစု အကြောင်းပဲ ဖြစ်ပါတယ်။ သားသမီး များလှတဲ့ မုဆိုးမ မိခင်ဘဝ၊ အစ်ကိုကြီး အဖအရာဆိုသလို ဘားဆိုင်က ကောင်မလေးနဲ့ပဲ အချိန်ကုန်နေတဲ့ ညီဖြစ်သူကို အောင်မြင်စေချင်တဲ့ စိတ်နှင့် လက်ဝှေ့ကစားသမား ဘဝကို တွန်းပို့ ပေးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
အကောင်းဆုံးသီချင်း We belong Together နဲ့ အကောင်းဆုံး Animation ဇာတ်ကားဆုကိုတော့ အများ ခန့်မှန်းထားတဲ့ How to train your dragon ကိုကျော်လွန်ပြီး Toy story 3 က ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ စည်းလုံးညီညာမှုကို အဓိက ဖော်ပြချင်တာ ဖြစ်ပါတယ်။
ဒဏ်ရာ ပြဿနာနှင့် စိတ်ဝေဒနာ ရင်ဆိုင်နေရတဲ့ ဘဲလေး အကမယ်အကြောင်း ဇာတ်ကား Black Swan ကတော့ ဆုတဆုနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။
ဝင်းလက်
0 comments :
Post a Comment