မေးခွန်း - ၁ “နေပြည်တော်နှင့် အနီးတ၀ိုက်တွင် ယနေ့ မိုးရွာမည်။ ရွာရန်ရာနှုန်း ၇၀ ရှိပါသည်” လို့ မိုးဇလက ကြေညာသွားတယ်။ မိုးရွာမယ် ဆိုတာကို ဘတ်ဂျက်နည်းပြီး၊ ပစ္စည်း ရှားပါးတဲ့ မိုးဇလက ဘယ်လို သိနိုင်သလဲ။
အဖြေ - ???
(သဲလွန်စ = ၁၀၀)
မေးခွန်း ၂ - ဧရာဝတီ ၀က်ဆိုက်ရဲ့ ပတ်စ်ဝပ်မှာ ဘယ်စာလုံးတွေ ပါမယ်လို့ ထင်လဲ။
အဖြေ - ???
(သဲလွန်စ - top secret, confidential, for your eyes only, not your business, i hate computer)
မေးခွန်း ၃ - မနေ့တုန်းက မတ်လ ၂၇ ရက်နေ့။ ဒါပေမယ့် "တပ်မတော်နေ့" ဆိုပြီး အကြီးအကျယ်လုပ်တာတွေ မတွေ့ရတာ ဘာကြောင့်လဲ။
အဖြေ - ???
(သဲလွန်စ - မွေးနေ့)
(မှတ်ချက် - စာဖတ်သူတွေရဲ့ အဖြေက ပိုမှန်ကန်၊ ပိုရယ်ရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကို မနက်ဖြန် ဒီအချိန် တွေ့ရမှာပါ။ သဲလွန်စတွေကြောင့် အဖြေရဖို့ ပိုနီးစပ်သလို တခါတလေတော့လည်း ပိုဝေးနေပါလိမ့်မယ်း)
ဖြေကြည့်မယ်နော်-
၁၊ ၇၀ လို့  ပြောတာက ၁၀၀ မဟုတ်လို့  ပေါ့၊
၂၊ ပတ်စ်ဝပ် ဆိုတာ password ကို ပြောတာလာ၊ I hate computer
၃၊ တပ်မတော်မွေးနေ့ သာလျင် တပ်မတော်နေ့ ဖြစ်သင့်သည် ဆိုတာ သဘောပေါက်သွားလို့  ဖြစ်မယ်နျော်၊
ဇော်ရဲ၊ ကွာလာလမ်ပူ