ဖတ်ပြီးသားကို ထပ်ဖတ်ခြင်း (ပန်းလှိုင်စိုး-ကျုံပျော်)
ဓာတ်ခဲတွေ အလေးဖြစ်နေမှတော့
ချိုချဉ်တွေ အကြွေဖြစ်တာ ဆန်းလား....
ရထားသံလမ်းတွေ ကင်းသံချောင်းဖြစ်နေမှတော့
ကူဘိုတာရေတင်စက်တွေ ထော်လာဂျီဖြစ်နေတာမဆန်းဘူး
ကျိုက်ထီးရိုးဝါးတွေ ဓားဖြစ်တာတောင်
ယောကျာ်းစင်စစ်က မိန်းမဖြစ်သွားတာတော့ ဆန်းတယ် ......။
(သုံးတောင်ဝတ် အဘယ်ယောကျာ်းက မိန်းမ ဖြစ်သွားသည်မသိ) (Facebook စာမျက်နှာမှ ကူးယူ ဖော်ပြ သည်။)
ရှယ်ပဲ၊ သိပ်ထိတယ်။ ကိုပန်းလှိုင်စိုးတယောက် နာမည်အရင်း မဟုတ်ပါ
စေနဲ့ ၊ ကျုံပျော်မှာ တကယ်မနေပါစေနဲ့ ၊ တခြားနေရာကနေ ကလောင်
နာမည်နဲ့ ၊မဂ္ဂဇင်းတိုက်ကို ပို့ တာ ဖြစ်ပါစေလို့  ဆုတောင်းပါတယ်။