မတ်(၁၃)
ဒါပန်းတပွင့်ကြွေတာမဟုတ်
မြေကြီးကိုအသက်နဲ့ ပုတ်နှိုးခဲ့လေသူ
နွေဦးမှ မြားဦးသို့ 
ပန်းတို့  “တောက် ” ခတ် ပြေးထွက်လာခဲ့
လာမဲ့နွေဦးသစ်တိုင်း
အစောဆုံးပွင့်တဲ့ စွယ်တော်
ဖုန်းမော်ဖြစ်ပစေ။ ။
AMT
သစ်ကောင်းအိမ် facebook မှ ရယူပါတယ်။
လာမယ့် မတ်လ ၁၃ ရက်နေ့ဟာ ၈၈ အရေးအခင်းကြီး စတင်လောင်ကျွမ်းဖို့ မီးတစ ဖြစ်တဲ့ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တာ ၂၃ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။
၈၈ဟာ အရေးအခင်းမဟုတ်ဘူး၊ အရေးတော်ပုံပါဆိုတဲ့ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ကျောင်းသားခေါင်းဆောင်တွေရဲ့ စကားသံတွေကို သွားသတိရမိတယ်။ နှစ်ရှည်ထောင်ဒဏ်ကျခံပြီး ပြောကြားခဲ့တဲ့ သူတို့ စကားတွေဟာ ဘာမှ မထိရောက်သလို မေ့မေ့ပျောက်ပျောက်ပါလားဗျာ..