မတ်လ ၁၄၊ ၁၅၊ ၁၆ ရက်တွေမှာ စိုက်ဆင်းလေပြင်းတွေ ကျရောက်နိုင်တဲ့အကြောင်း မိုးဇလ ပညာရှင် ဦးထွန်းလွင်က ၁၃ ရက်နေ့လောက်ကတည်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီစိုက်ဆင်းလေပြင်း တွေဟာ ဘယ်လောက်အထိ ကျရောက်နိုင်တယ်ဆိုတဲ့ တိုင်းထွာမှုကိုတော့ မြန်မာပြည် မိုးဇလဌာနက မလုပ်နိုင်သေး ပါဘူး။ ဦးထွန်းလွင်အဆိုအရတော့ ၁၉၉၇ ခုနှစ်ကတည်းက အဲဒီကိရိယာကို တပ်ဆင်ဖို့ ကြိုးပမ်းနေပေမယ့် အခုထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဆိုပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ ဦးထွန်လွင်ရဲ့ နောက်ဆုံးမိုးလေဝသ ခန့်မှန်းချက်တွေနဲ့ ၁၄၊ ၁၅၊ ၁၆ ရက်က လေပြင်းတွေကြောင့် ရေလုပ်သားတွေ ဘယ်လို ဒုက္ခရောက်ရတယ် ဆိုတဲ့ အကြောင်းပါ။
မတ်လ ၁၄၊ ၁၅၊ နဲ့ ၁၆
ရက်နေ့မျာက လေအေးများတိုးဝင်မှုကြောင့် ဖြစ်ပွားခဲ့ရသော သဘာဝဘေးအန္တရာယ်
ရက်နေ့မျာက လေအေးများတိုးဝင်မှုကြောင့် ဖြစ်ပွားခဲ့ရသော သဘာဝဘေးအန္တရာယ်
ရေတွင်ငုတ်စိုက် ရပ်နားပြီး ပုဇွန်နှင့်ငါးများကို နှစ်စဉ် အောက်တိုဘာ မှ ဧပြီလအထိ ငါးခြောက်နှင့်ပုဇွန်ခြောက် လှမ်းသောလုပ်ငန်း ဆောင်ရွက်ကြသော ကျားပေါင်(၁၂၅) စီးခန့် လေပြင်းမိကာ မျောပါသွားကြပြီး ရေတွင် နှစ်မြုပ်သွားခဲ့ကြောင်း ကြားသိရပါသည်။ ရေလုပ်သား (၂၀၀၀) ခန့်တို့သည် ၀ါးမိုးဝါးကာတဲများတွင် နေထိုင်ကာ အဆိုပါလုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်လေ့ရှိကြပါသည်။ ပင်လယ်ပြင်တွင် ရွာတည်နေတဲ့ သဘော ဖြစ်ပါသည်။ ဒါကလည်း ထုံးစံလို ဖြစ်နေပါပြီ။ အခြားငါးဖမ်းလှေများတွင်လည်း ရေလုပ်သား (၅၀၀)ခန့်တို့ဟာ လုပ်ငန်းခွင်တွင်ရှိနေခဲ့ကြပါတယ်။ ဖျာပုံမြစ်ဝတွင် ကျောက်ချ၍ လုပ်ငန်းခွင် အခြေချ နေထိုင်နေကြသော ကျားပေါင် ငါးနှင့်ပုဇွန်လှေများသည် (၁၄-၃-၂၀၁၁)၊ (၁၅-၃-၂၀၁၁) နှင့် (၁၆-၃-၂၀၁၁)ရက်နေ့များတွင် လေပြင်းများတိုက်ခတ်မှုကို ကြုံတွေ့ခဲ့ကြရပါသည်။ လေပြင်းများသည် အရှေ့မြောက်ဖက်အရပ်မှ တိုက်ခတ်လာကြပြီး တစ်ခါတစ်ရန် တစ်နာရီ မိုင်(၆၀) မှ (၇၀)ခန့်အထိ ပြင်းထန် ခဲ့ပါသည်။
အဆိုပါလေပြင်းများကို (၃)ရက်ခန့် ဆက်တိုက် တိုက်ခတ်ခံခဲ့ရသဖြင့် ငါးပုဇွန် ရေလုပ်သားများ၏ လှေများ၊ ဖောင်များ၊ နေအိမ်များ အားလုံး ချည်တိုင်များမှ ပြုတ်ထွက်ကာ လွင့်မျောသွားခဲ့ကြပါသည်။ အရှေ့မြောက်ဖက်မှ တိုက်ခတ်သော လေပြင်းများကြောင့် လှေများအားလုံးသည် အနောက်တောင်ဖက်အရပ် ပင်လယ်ပြင်ကျယ် (open sea) သို့ လွင့်မျောသွားခဲ့ကြပါပြီး ရေတွင်မျောပါသွားခဲ့ကြရာ၊ ဟိုင်ကြီးကျွန်းတွင် လူ(၇၀၀)ခန့် သောင်တင်နေခဲ့ကြောင်း ကြားသိရပါသည်။ တပ်မတော်ရေယာဉ်မှ လူ(၆၀၀)ခန့်၊ အခြားငါးဖမ်းရေယာဉ်များမှ လူ(၂၀၀)ခန့် ဆယ်ယူရရှိခဲ့ပါသည်။ ရေမျောသွားသူများတို့သည် ကျိုက္ခမီ၊ ရေး၊ ကိုကိုးကျွန်းများအထိ မျောပါသွားခဲ့ကြကြောင်း ကိုလည်း ကြားသိရပါသည်။
ယခုအချိန်အထိ လူပေါင်း (၁၀၀၀) ခန့်ကိုမူ ပြန်လည် ဆယ်ယူ မရရှိသေးကြောင်း သိရပါသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ပေါ်ရခြင်း အကြောင်းကို စီစစ်ရာတွင် လေပြင်းများ ကျရောက်ရာ ဖျာပုံမြစ်ဝ ဒေသတွင် မုန်တိုငးများ ကျရောက်ခဲ့ခြင်း မရှိသော်လည်း အဆိုပါဒေသအပါအ၀င် မြန်မာနိုင်ငံ အတွင်းသို့ အရှေ့မြောက်ဖက်မှ လေအေးများသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်း၊ မြေလတ်ပိုင်း နှင့် မြစ်၉ကျွန်းပေါ်ဒေသများကိုသာမက ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် တောင်ဖက်ပိုင်းဒေသများသို့ ထူးခြားစွာတိုးဝင်လာခဲ့ရာ အိန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းခြေ သို့ပင်ရောက်ရှိနေခဲ့ပါသည်။ ထိုသို့ လေအေးများတိုးဝင်မှု အားကောင်းခဲ့သဖြင့် မတ်လတွင် ဆောင်းတွင်းကြီး ကဲ့သို့အေးနေခဲ့ပြီး မိုးတွင်းကြီးကဲ့သို့ မိုးရွာနေခဲ့ပါသည်။
တောင်ဖက်မှတက်လာနေသော နွေစွတ်စိုသောလေနွေးများနှင့် ဆောင်းလေအေးတို့ တွေကဆုံသော နေရာတလျှောက်တွင် လေထုမတည်ငြိမ်မှုများ ဖြစ်ပေါ်လေ့ရှိပါသည်။ ထို့ကြောင် မတ်လ(၁၄)ရက်မှစတင်ကာ မိုးတိမ်တောင်များ သိသိသာသာ တိုး၍ ဖြစ်ပေါ်နေခဲ့ပါသည်။ အများဆုံးအားဖြင့် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်တွင် အစိုင်အခဲလိုက်တွေ့ရသဖြင့် သတိပေးနိုးဆော်ချက်များ ထုတ်ပြန်ခဲ့ပါသည်။
MCCW ၏ website တွင် (၁၃-၃-၂၀၁၁)နေ့စွဲဖြင့် စိုက်ဆင်းလေပြင်း(downburst)တို့၏ အန္တရာယ်ကို ခန့်မျန်းမိသဖြင့် စိုက်ဆင်းလေပြင်းအကြောင်းကို ပုံကားချပ်များဖြင့် ရှင်းလင်းဖေါ်ပြခဲ့ပါသည်။ (၁၅-၃-၂၀၁၁)ရက်နေ့တွင် လေအေးများတိုးဝင်လာမှုကြောင့် လေထုမတည်ငြိမ်မှုများ ပိုမိုဖြစ်လာသဖြင့် မိုးတိမ်တောင်များပိုမို ဖြစ်ထွန်းလာနေကြောင်း ပုံကားချပ်များဖြင့်ဖေါ်ပြပေးခဲ့ပါသည်။ သို့ရာတွင် ရေပြင်တွင်ဖြစ်ပေါ်လာသော မိုးတိမ်တောင်များကြောင့် အသေးစိတ်အချက်အလက်များကိုမူ ဖေါ်ပြပေးနိုင်ခြင်း မရှိခဲ့ပါ။ အကြောင်းမှာ အသေးစိတ်အချက်လက်များကို တိုင်းယူပေးနိုင်သော ရေဒါတိုင်းထွာချက်များ မရနိုင် သောကြောင့်ဖြစ်ပါတယ်။
မိုးတိမ်တောင်များ၊ လေဆင်နှာမောင်းများ၊ စိုက်ဆင်းလေပြင်းဖြစ်စဉ်များကို မိုးလေ၀သပညာရပ်မှာ မက်ဆိုစကေးဖြစ်စဉ်များ(meso scale phenomena) လို့ခေါ်ပါတယ်။ သူတို့ရဲ့ ရေပြင်ညီအတိုင်းအတာ များမှာ 10 Km စကေးများ ဖြစ်ကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံ မိုးလေ၀သခန့်မှန်းရေးတွင် အသုံးပြုနေသောစကေးမှာ Synoptic scale ဖြစ်ပါတယ်။ ရေပြင်ညီစကေးမှာ 1000 Km ဖြစ်ပါတယ်။ ဒီလို မိုးတိမ်တောင် ဖြစ်စဉ်များ အတွက်ဆိုရင်တော့ “အိတ်ပေါက်နဲ့ဖါးကောက်” သလို ဖြစ်နေပါတယ်။
ဒါကြောင့် ဒီလို စကေး အတိုင်းအတာ သေးတဲ့ localized phenomena တွေအတွက် ရေဒါတိုင်းတာချက်တွေ လိုအပ်ပါတယ်။ ဒါတွေတပ်ဆင်ဖို့ ကြိုးပမ်းနေခဲ့တာ ၁၉၉၇ ကတည်းကပါဘဲ။ အခုအထိတော့ ကြိုးပမ်းရဆဲပါပဲ။
ဒါကြောင့် ဒီလို စကေး အတိုင်းအတာ သေးတဲ့ localized phenomena တွေအတွက် ရေဒါတိုင်းတာချက်တွေ လိုအပ်ပါတယ်။ ဒါတွေတပ်ဆင်ဖို့ ကြိုးပမ်းနေခဲ့တာ ၁၉၉၇ ကတည်းကပါဘဲ။ အခုအထိတော့ ကြိုးပမ်းရဆဲပါပဲ။
ဒီနှစ်မှာ လာနီညာကလည်း ဆက်ဖြစ်ဦးမယ့်သဘောတွေ ပြနေတာရယ်၊ မတ်လဧပြီလမှာ အပူကလည်း တိုးလာဦးမှာရယ် ဒီ ပဋိပက္ခကြောင့် လာမယ့် ဧပြီလ နဲ့ မေလတွေမှာ မိုးတိမ်တောင်တွေရဲ့ အန္တရာယ်ကို အထူးသတိပြုကြဖို့ တိုက်တွန်းလိုပါတယ်။ အခုလာမယ့် မတ်လ(၂၃)ရက်ကနေ (၂၅)ရက်နေ့အထိ ကာလအတွင်း လေအေးတွေတိုးဝင်လာစရာရှိနေပါတယ်။
MCCW
0 comments :
Post a Comment