သဇင်ပန်းကြိုက်တဲ့ ဆရာမရဲ့ပုံတွေမှာ ဟိုခေတ် ၀တ်စားဆင်ယင်ပုံတွေ တွေ့ရမှာပါ။
မိုးမိုးအင်းလျားက ဂီတအကြောင်း ၀တ္ထုတပုဒ်ရေးဖို့အတွက် ဂစ်တာတီးသင်ခဲ့တာဖြစ်တယ်လို့ မစမ်းစမ်းတင်က FaceBook မှာ မှတ်ချက် ရေးထားပါတယ်။
ှ
ဝီကီ မြန်မာမှာတော့ မိုးမိုးအင်းလျားအကြောင်း ဖတ်နိုင်ပါတယ်။
http://chanlinnay.mandalaybloggers.org/2011/01/blog-post_10.html ဆိုတဲ့ ဘလော့မှာတော့
ဆရာမရဲ့ လက်ရာ အတော်များများကို ဖတ်နိုင်တဲ့ လင့်တွေ တွေ့ရမှာပါ။
လင့်တွေ အလုပ် လုပ်မလုပ်တော့ အကုန် မစမ်းသပ်ကြည့်ရသေးပါဘူး။ အောက်ဆုံးလင့် ၀တ္ထုတို ဖြစ်တဲ့
သိက္ခာရှိတဲ့ မုန့်ဟင်းခါး ကတော့ ဖတ်လို့ ရပါတယ်။
ဆရာမဓာတ်ပုံတွေ မမြင်ဖူးသူများ၊ ဆရာမရဲ့ ပရိသတ်များအတွက် ပုံတွေ တင်ပေးလိုက်ပါပြီ။
ဆရာမ မိုးမိုးအင်းလျားကို တခါမှ မမြင်ဖူးပါ။ ဒီလို ပုံလေးတွေ တင်ပေးလို့ ကျေးဇူးအထူးတင်ပါတယ်။