၂၉.၄. ၂၀၁၁ ရက်မှာ ကျင်းပတော့မယ့် တော်ဝင်မင်းသား ဝီလျံ (Prince William) နဲ့ ကက်သရင်း မစ်ဒယ်လ်ဒန် (Catherine Middleton) တို့ရဲ့  တော်ဝင်လက်ထက်ပွဲ အကြောင်း နည်းနည်း ပြောချင်ပါတယ်။
ဗြိတိန်ထီးနန်းရဲ့  ဒုတိယမြောက် အိမ်ရှေ့ စံမင်းသား ဝီလျံ (၂၈ နှစ်) ဟာ ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် (Queen Elizabeth II) ရဲ့ မြေးအကြီးဆုံး၊ အိမ်ရှေ့ စံ မင်းသားကြီး ချားစ် နဲ့ မင်းသမီး ဒိုင်ယာနာ တို့ရဲ့ သားနှစ်ယောက်အနက်မှာ အကြီးဆုံးသားဖြစ်ပါတယ်။ အခု တွဲဖက် လေယာဉ်မှူး (Co-Pilot) အဖြစ် တော်ဝင်လေတပ်ရဲ့ ရှာဖွေ ကယ်ဆယ်ရေး ရဟတ်ယာဉ်အုပ်စုမှာ တာဝန်ထမ်းဆောင်နေပါတယ်။
ကိတ် မစ်ဒယ်လ်တန် (၂၈ နှစ်) ကတော့ သမားရိုးကျ မိဘများ ဖြစ်ကြတဲ့ လေယာဉ်မောင်၊ လေယာဉ်မယ် ဇနီးမောင်နှံမှ မွေးဖွားတဲ့ မွေးချင်းညီအစ်မ သုံးယောက်ထဲမှ သမီးအကြီးဆုံး ဖြစ်ပါတယ်။ ကိတ်ဟာ ဖတ်ရှင် အမြင်ရှိသူလို့ ကျော်ကြားပါတယ်။ ကိတ်ရဲ့  အဝတ်အစားများဟာ ဈေးနှုန်းသင့်တင့်ပြီး အလွန်ကြည့်ကောင်းတယ်လို့ ချီးမွမ်းခံရလေ့ရှိပါတယ်။ အရင်ကတော့ Jigsaw အဝတ်အစား ကုမ္ပဏီမှာ အဝယ်တော်လုပ်ခဲ့ပြီး အခုတော့ ကျွမ်းကျင်တဲ့ ဓာတ်ပုံဆရာ တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့သူလေးပါ။
သူတို့ ချစ်ဇာတ်လမ်းစခဲ့တဲ့နေရာက ဒီလိုပါ။ Love Story In St. Andrews လို့ ပြောရမလားပဲ။ ၂၀၀၁ တုန်းကပေါ့။ St. Andrews ကျောင်းတော်ကြီးမှာ သူတို့တွေ စတွေကြတာပါ။ သူတို့နှစ်ယောက်ဟာ ပထမတော့ သူငယ်ချင်းအဖြစ်နဲ့ တနှစ်ခွဲလောက်နေခဲ့ကြပါတယ်။ နောက်တော့ သူငယ်ချင်းအချစ်ထက် ပိုလာပြီး ရယ်စရာ ပျော်စရာလေးတွေနဲ့ စိတ်တူကိုယ်တူ သံယောဇဉ် တွယ်လာခဲ့ကြပါတယ်။ ကိတ် မစ်ဒယ်လ်တန်က စတက်နောက်တတ်တဲ့ ဟာသဉာဏ်ရွှင်ပြီး မင်းသား ဝီလျံကလည်း ရွတ်နောက်နောက် နေတတ်တော့ ပျော်ရွင်ခဲ့ကြပါတယ်။
ကျောင်းသားဘဝမှာ မင်းသား ဝီလျံက တိုက်ခန်းတခန်းကို တခြားကျောင်းသားများနဲ့ အတူတူ ရှယ်ငှားနေထိုင်ကြပြီး ဝီလျံက မချက်တက် ချက်တတ်နဲ့ ချက်ပြုတ်ကျွေးလေ့ရှိတယ်လို့ ကိတ် က ပြောပြလေ့ရှိပါတယ်။
၂၀၀၇ နောက်ပိုင်းမှာ သူတို့နှစ်ယောက် ခေတ္တပြတ်စဲခဲ့ကြတယ်လို သတင်းတွေထွက်ခဲ့ပါတယ် နောက်မှ မင်းသား ဝံလျံက အချစ်စစ်ကို ပြန်လည်တမ်းတမိကာ တကြော့ပြန်ချစ်သူတွေ ဖြစ်ခဲ့ပါတယ်။
ထိုနောက် ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှာ မင်းသား ဝီလျံ က စီစဉ်ပြီး အားလပ်ရက် အပမ်းဖြေခရီးအဖြစ် သူငယ်ချင်းများကိုခေါ်ဆောင်သွားခါ အာဖရိကား ကင်ညာနိုင်ငံ ကို အပန်းဖြေခရီးထွက်စဉ် ကိတ် ကို နေရာကောင်းကောင်းတစ်ခုမှာ လက်ထက်ခွင့် ကို တောင်းခဲ့ခြင်းဖြစ်ပါတယ်။
သူ လက်ထက်ခွင့် တောင်းပုံလေးကတော့ ဝံလျံဟာ သူ့မိခင် ဒိုင်ယာနာ ကို သူ့ဖခင် အိမ်ရှေ့ စံ ချားစ်မင်းသားပေးခဲ့တဲ့ နီလာကို စိန်ချယ်ထားတဲ့ ဘိုးဘွားပိုင် လက်စွပ်ကလေး ကို ကိုယ်နှင့်တစ်ပါတည်း သုံးပါတ်ခန့် ကျောပိုးအိပ်ထဲမှာ ဘယ်သွားသွားယူဆောင်သွားပြီး အခွင့်အခါကောင်း အချိန်ကောင်း နေရာကောင်းကို စောင့်ခဲ့ပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။
ကိတ် ကတော့ လက်ထပ်ခွင့်တောင်းလိမ့်မယ်လို့ မထင်ထားပါဘူး။ "ကျွန်မလုံးဝ အံ့အားသင့်သွားတယ်။ အရမ်းလည်း ရင်ခုန်မိပါတယ်။ အဲဒီ အချိန်ကလေး က အရမ်းကို ကြည်နူးစရာကောင်းပါတယ်” လို့ ကိတ်က ပြောပါတယ်။
ကြီးကျယ်ခန်းနားတဲ့ ဒီ တော်ဝန် လက်ထပ်မင်္ဂလာပွဲကို Westminster Abbey မှာ ကျင်းပမှာကို youtube channel link လေးမှာ တိုက်ရိုက်ကြည့်လို့ရပါလိမ့်မယ်။
ဒါကတော့ Royal Wedding Invitation
ဒါကတော့ VOA မြန်မာပိုင်းက တင်ဆက်ထားတာ
By - TG
Ref: BBC MOBI-GINO (မိုဘီ ဂျီနို)
ကိုယ့်နိုင်ငံကို ကျွန်ပြုခဲ့တဲ့သူတွေအကြောင်းကို အဲ့လောက်ကြီးလဲ စာဖွဲ့နေစရာမလိုပါဘူးဗျာ