ဒိုင်အဖွဲ့က သူတို့ကို ဗိုလ်လုပွဲအနေနဲ့ တစ်ခု စမ်းသပ်လိုက်တယ်၊ တောအုပ်တစ်ခုထဲ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို သုံးဖွဲ့စလုံးက လိုက်ရှာရတယ်။
ပထမဆုံး CIA ၀င်သွားတယ်။
သူတို့က သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်။ တိရိစ္ဆာန် သတင်းပေးတွေကို နေရာအနှံ့ ချထားတယ်။ သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်။ ဒါပေမယ့် လုံးဝ မတွေ့ဘူး။ ရှုံးတယ်။
အထူးစုံစမ်း ထောက်လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA ရဲ့ အစီရင်ခံစာမှာ "ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့ ရေးထားတယ်။
FBI ၀င်သွားတယ်...
သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။ မတွေ့ဘူး။
မတွေ့တဲ့ အဆုံးမှာ တောကို မီးရှို့ပစ်ခဲ့တယ်။
း)) နောက်ဆုံးကျတော့ မြန်မာစစ်ထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွားတာပေါ့။
သိပ်မကြာပါဘူး။ မိလာတယ်။
ဒါပေမယ့် ယုန်တော့မဟုတ်ဘူး။ ၀က်ဝံတစ်ကောင်။
ဝက်ဝံက လမ်းတစ်လျှောက်လုံး ဘာအော်လာတယ်မှတ်လဲ...
အမလေးဗျ... ကြောက်ပါပြီဗျ... ကျနော် ယုန်ပါခင်ဗျ... မနှိပ်စက်ပါနဲ့တော့.. ကြောက်ပါပီ.. ကျနော် ယုန်အစစ်ပါခင်ဗျ တဲ့။
ကြောက်ပါပြီခင်ဗျ ဆိုကတည်းက အနှိပ်စက်ခံရပြီး အတင်းအဓမ္မ မဟုတ်မတရားဝန်ခံခိုင်းတာပေါ့။ ဒါမှမဟုတ်လည်း သူတို့ဘောင်ခတ်ချင်လာတဲ့အခါ မတရားနည်းနဲ့ ၀န်ခံအောင် လုပ်ယူတာမျိုးပေါ့။ အိမ်ထဲ ဘိန်းပစ်ဖမ်းတာမျိုးလည်းလုပ်တတ်သေးတာလေ။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ.. ဂျပန်ကင်ပေတိုင်ရှုံးအောင် အစစ်ဆေးကောင်းတဲ့ မြန်မာ့စစ်ထောက်လှမ်းရေး။ ဗိုလ်ချုပ်ခင်ညွန့်အပြုတ်မှာ သူတို့လဲ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ဆရာနဲ့အတူပါသွားကြလေတယ်။ ခု အသစ်ဖွဲ့ပြန်ဘီတဲ့နော်..။ ဘယ်လောက်စွမ်းမယ်တော့မသိ။