Royal Wedding Videos
14 comments :
-
ခင်ဗျားပြောတာ ကျွန်တော်လည်း သဘောတူတယ်ဗျ။ ကျွန်တော်လည်း ကြည့်သာကြည့်နေရတာ ဒီတော်ဝင်ဆိုတဲ့အရာကြီးကို မုန်းတယ်။ ပဒေသရာဇ်စနစ်ကို ဘယ်သောအခါကမှ သဘောမကျခဲ့ဘူး။ အဓိက ကတော့ ကိုယ့်နိုင်ငံကို ကျွန်ပြုသွားတဲ့ အဲဒီကောင်တွေမျက်နှာကို မနှစ်မျို့နိုင်ပါဘူး။
-
မြန်မာဘုရင် မျိုးဆက် ကမရှိတော.ဘူးလား.. မျိုးဆက်တိမ်ကောသွားပြီလား.သီပေါမင်းအဆက်အနွယ်တွေ မြန်မာပြည်မှာငုတ်တုတ်ကြီးရှိသေးတယ်..သွားဖူးမျေုာ်ချင်ရင် ရပါ. ဘုရင်. မျိုးဆက် တိမ်ကောအောင် နေရာမရအောင် လုပ်တာ ဘယ်သူလဲဟေ.
-
ဒါကတော့ ကိုယ့်အမြင်နဲ့သူ့အမြင်ကွာတာပေါ့။ ဝီလျှံတို့ ဟယ်ရီတို့ အန်း(Anne)တို့ဆို လူချစ်လူခင်များတာပဲ။ သူတို့တွေက သာမာန်လူတွေလို နေထိုင်ပြီး လူမှုရေးလုပ်ငန်းတွေကိုလုပ်လို့ လူချစ်လူခင်များတာပါ။ ဘုရင်စနစ်ကိုကြိုက်တဲ့လူတွေရှိသလို မကြိုက်တဲ့လူတွေလည်းရှိတာပါပဲ။ မြန်မာပြည်ကျွန်ပြုခဲ့တာ ဒီဘုရင်တွေဘုရင်မတွေချည်းပဲမဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေ ဆုံးဖြတ်တာ ပိုများပါတယ်။ ပြီးတော့ ဒီဘုရင်မကြီးနန်းတက်လာတာ မြန်မာပြည်လွတ်လပ်ရေးရပြီး ၄နှစ်ကြာမှပါ။
-
ဟုတ်တယ် A-bomb ရေ စိတ်ကုန်လွန်းလို. comment တက်ရေးတာဟေ. တကယ် royal wedding ကို အေးဆေးမကြည်.ရဘူး ကိုမျိးချစ်တွေနဲ.တွေ.နေလို... ဘာလဲ မျိုးချစ်စိတ်ထက်သန်နေအောင် မြန်မာပြည် နယ်ချဲ.လက်အောက်ရောက်ခဲ.တာကို တစိမ်.စိမ်တွေးပြီး သူတို.ကိုမုန်းနေရမှာလား meaningless တကယ် ကိုယ်.ဘုရင် ကိုယ်.အရှင်ကိုချစ်ရင် ကျန်ခဲ.တဲ. သီပေါမင်းအနွယ်တော်တွေကို မြှောက်စားကြလေ.. တို.ကတော.ရှင်းရှင်းပဲ ဘုရင်သီပေါ စုဖုရားလတ် နဲ.အနွယ်တော်တွေကို ချစ်သလို အယ်လီဇဘက်ဘုရင်မ ဒိုင်ယာနာ wailliam harry တို.ကိုလဲချစ်တယ် ဒါပဲ by the way တခေတ်တခါက မြန်မာတွေဟာ စက်မှု.ထွန်းကားပြီး စစ်လက်နက်နိုင်င ဖြစ်ခဲ.ရင် the whole world သာမက universe ကိုပါတက်မသိမ်းရင် လည်ပင်းလာဖြတ်ဟေ.
-
ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုကျွန်ပြု၊ ဘုရင်မင်းဆက်ကို စနစ်တကျ
ဖျောက်ဖျက် ဂုတ်သွေးစုတ်သွားတဲ့သူတွေဆိုတာကိုတော့ အမြဲတမ်းသတိရကြပါ။ ဒီအဂ်လိပ်တွေကိုပြန်ပြီး ကျွန်ပြုချင်လိုက်တာ။ ရူးတယ်ပဲပြောပြော
-
လွတ်လပ်စွာ စိတ်ကူးယဉ်ပိုင်ခွင့်ရှိတယ် ဒါပေမဲ့ ခေတ်တွေပြောင်းသွားပြီလေ အဲလိုမမေ့စတမ်းဆိုရင် မြန်မာပြည်မှာလဲ အချင်းချင်းသတ်ဖြတ်ခဲ့ တာတွေ သတ်နေတာတွေ မတရားအနိုင်ကျင့်တာတွေ လူမဆန်စွာနှိပ်စက်နေတာတွေကိုလဲ ခံရတဲ့သူတွေက ဘယ်မေ့မလဲ လုပ်ခဲ့တဲ့ သူတွေဟာ သူများလုပ်တာတော့ မ ကြိုက်ဘူး ကိုယ်ကိုတိုင်လဲ သူများလုပ်သလို လုပ်နေတယ် တချိန်က နယ်ချဲ့က ကျွန်ပြုခဲ့တာကို မမေ့သင့်တာဟာ သမိုင်းပဲ အဲဒါကိုပြန်ပြီး နာကြည်းစိတ်နဲ့ ပြန်တိုက်ခဲ့လို လွတ်လပ်ရေးရခဲ့ပြီ လွတ်လပ်ရေးရပြီးမှ အမျိုးသားချင်းပြန်ပြီး ကျွန်ပြုခံရတာကို မေ့မနေကြနဲ့ လက်ရှိအခြေအနေ ပြန်တိုက်ဘို့လဲ သတိရပါ
-
အင်္ဂလိပ်တွေကိုကျွန်ပြုချင်ရင် ခုကျုပ်တို့ကိုကျွန်ပြုနေတဲ့ စစ်အုပ်စု အာဏာရှင်တွေလက်က အရင်လွတ်အောင်ကြိုးစားဗျို့
ဘာပဲပြောပြော ကျွန်တော်ကတော့ မင်္ဂလာပွဲကြည့်ရတာ စိတ်ချမ်းသာတယ်
တိုင်းသူပြည်သားတွေက ချစ်ကြတာ.. ကိန်းကြီး ခမ်းကြီး လုပ်တယ်ဆိုတာလဲ တိုင်းသူပြည်သားတွေက မချစ်ရင်.. ဘုရင်စနစ် ဆိုပြီး တိုင်းသူပြည်သားတွေအပေါ် အာဏာပြနေရင် ဘယ်သူက ချစ်မလဲ..။
သူများတွေ ကြည်နူးနေတာ မုဒိတာ ပွားကြပါ..။
ကျွန်တော်ကတော့ အင်္ဂလိပ်တွေကျွန်ပြုခဲ့တာထက် ခုလူမျိုးအချင်းချင်း ကိုယ်တွေ့ မျက်စိရှေ့မှာ လူမဆန်စွာ ကျွန်ပြုနေတာကိုပဲ ခေါင်းထဲရှိတယ်
-
ဟိုမင်္ဂလာပွဲအခွေကြည့်တဲ့ကိုဇာဂနာ...ထောင်၆၅နှစ်နော်..ဘာတဲ့...လက်ထောနစ်အက်..ဆိုလား..ဘာလားပဲ..ဒို့လူတွေ..ဒီခေတ်မှာ..၅ပါးသီလ..ဘာပဲဖေါက်ဖေါက်..လူသတ်..မုဒိန်းကျင့်၊များများခိုး..များများလိမ် ..များများသောက် .အားလုံး ဂွတ်တယ်...ဒါပေမဲ့..လက်ထောနစ်သီလတော့လုံပလေ့စေနော်..ဦဇင်းတို့တောင်..ဒီသီလကကျိုးရင်..အာပတ်ဖြေလို့မရဘူး..ဂိုးတူဂျေးပဲ...
-
သီပေါမင်း မျိုးဆက်တွေ ကို ဖူးမျှော်ချင်သေးရင် နေရာ ပြောပြမယ်နော်။ ပြင်ဦးလွင်မြို့ တရုတ်ငါးပါးသီလ ဘုန်းကြီးကျောင်းရှေ့ ( အရပ်ခေါ် တရုတ်ဘုံကျောင်း) ၂ထပ်အိမ် အနီကြီး အင်္ဂလိပ်လက်ထပ်ကတည်းက အိမ် အဲဒီမှာ သီပေါမင်းနဲ့ စုဖုရားလတ်တို့ရဲ့ အဆွေတော် အမျိုးတော် မြစ်တွေ တီ တွေ ရှိပါသေးတယ်။စုဖုရားလတ် ပြည်တော်ပြန်လာချိန် မြန်မာနိုင်ငံ လွတ်လပ်ရေးမရသေးဘူးနော်။ လွတ်လပ်ရေးပြီးကတည်းက KNU & ဗကပ စတဲ့ သူပုန်တွေ ယခုတိုင် ခေါင်းစဉ် အမျိုးမျိုးနဲ့ တိုက်ပွဲ ၀င်နေတာလဲ မမေ့ကျနဲ့အုံးနော်။ ထစ်ခနဲဆို ဒီအစိုးရပဲ ဘုပြောနေတာ။ တဖက်ကိုလည်း ခွပြီး စဉ်းစား ကြည့်ပါအုံး။
-
ဒီကောင်မလေးကံတော်တော်ကောင်းတာဘဲ ဘားမှအလုပ်မလုပ်ရဘဲ တလကိုပိုက်ဆံတွေအများကြီးရတယ်
-
မြန်မာတွေ သောက်သုံးမကျတိုင်း သူများလုပ်တာကို မနာလိုမဖြစ်ကြနဲ့
-
English ကမြန်မာကိုသိမ်းတာပဲပြောနေပါလား လူဆိုတာ ကိုယ်သာရင်သူများကိုအနိုင်ကျင့်တဲ့အမျိုးပဲ မြန်မာတွေလဲ ထိုင်းကိုနိုင်တုန်းက ကျားဆိုရင်ကလေးပါမချန် ကြိတ်ဆုံထဲထည့်ထောင်းပြီးသတ်တာကော ပြောနေတာတယောက်မှမရှိပါလား English လက်အောက်ရောက်တာ အသုံးမကျလို့ပေါ့ ဖြစ်ပျက်မနေပါနဲ့ ဂျပန်သာမကူရင်အခုထိ English လက်အောက်ကလွတ်မှာမဟုတ်သေးဘူး မျှမျှတတတွေးတတ်အောင်ကျင့် မဟုတ်လို့ကတော့ ဒီတသက် ဒီမိုကရေစီမရရေးချမရပဲ English လက်ထက်မှာ ဆန္ဒပြလို့အပစ်ခံရလို့သေတာ ရှစ်လေးလုံးမှာသေတဲ့ပမာဏထက်ကိုနဲတယ် အဖြစ်မရှိပဲ အာရိုက်မနေနဲ့ လူတကာကိုလိုက်အပြစ်မြင်ပြီးလူတကာကိုလိုက်မုန်းနေ ချီးထုပ်တွေ
-
မြန်မာ ပြည်ကြီး သမ္မ တစနစ်မှ ဘုရင် စနစ်သို့ ကူးပြောင်းနိုင် ပါစေ
ဘလော့ဂ် အကြောင်း
ရုပ် / သံ
တပတ်အတွင်း အဖတ်အများဆုံး
-
ရန်ကုန်မြို့တော်တ၀န်းမှာ မုန်တိုင်းဝင်မယ်ဆိုတဲ့ သတင်းတွေက ပျံ့နေလေတော့ လူတွေကြားမှာ အထိတ် တလန့်ဖြစ်နေတယ်။ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ရန်...
-
~ NLD ရဲ့ အလံ နဲ့ တံဆိပ်တို့ကို ကန့်ကွက်ချင်ရင် ကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြော်ငြာခဲ့ပါတယ်။ အခု ကန့်ကွက်မယ့်သူ ပေါ်လာပါပြ...
-
ဒေသခံ သျှမ်းလူမျိုးများမှာ KIA ရဲ့ လူသစ် စုဆောင်းခြင်းကို ခံနေရပါတယ်။ KIA ဆိုတာ ကချင်လွတ် မြောက်ရေးတပ်မတော်လို့ အမည်ရပြီးတော့ ကချင်ပြည်နယ်က ...
-
အိုမန်အသင်း အရံလူတွေ ပရိသတ်တချို့ရဲ့ လက်နက်ငယ်ရန်က တိမ်းရှောင်နေရပုံ (ဓာတ်ပုံများ-ဧရာဝတီ) မနေ့က ညနေပိုင်း သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ...
-
Yangon 30 April 2011 Dear Mr. Editor, As you know, there have been some speculation and expression of concern regarding my relationship with...
ဝမ်းသာပါတယ်။ မုဒိတာလည်း ပွားပါတယ်။ အိုအောင် မင်းအောင် ပေါင်းကြရပါစေလို့လည်း အသေအချာ ဆုတောင်းပေးပါတယ်။
သို့သော်လည်း.တစ်ခု ရှိတာက အာကသ လွန်းပျံယာဉ်တွေ အစင်းစင်းလွှတ်၊ နျူကလီးယားပါဝါတွေ အပြိုင်အဆိုင်တိုးချဲ့၊ အသံထက် မြန်တဲ့ ဂျက်လေယာဉ်တွေ ကို စီးပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မိနစ်ပိုင်း အတွင်း ခရီးသွား၊ လူတိုင်း PC တစ်လုံး စီနဲ့ အင်တာနက်ကနေ စီးပွားရေး လူမှုရေး နိုင်ငံရေး. သာရေး နာရေးတွေကို ကမ္ဘာ့ ဒီဘက်ခြမ်းကနေ ဟိုဘက်ခြမ်း စက္ကန့်ပိုင်းအတွင်း ကူးလူး ဆက်ဆံနေကြတဲ့ ဒီနေ့ ခေတ် ၂၁ ရာစုကြီးထဲမှာ ထီးမူ နန်းဟန်တွေ၊ ရဲမက်ဗိုလ်ပါတွေ၊ မင်းခမ်းမင်းနားတွေ၊ မြင်းလှည်းကြီးတွေ နဲ့ တစ်ကယ့်ကို ခမ်းနားကြီးကျယ်စွာ ငါတို့ဟာ မဟာဆီ၊ မဟာသွေး၊ မဟာမျိုး မဟာနွယ် ဖြစ်တယ် ဆိုတာကို ယနေ့ခေတ်ရဲ့ နည်းပညာတွေသုံးပြီး တစ်ကမ္ဘာလုံးက လူတွေ မမြင်မြင်အောင် လိုတာထက် ပိုပြီး ဂုဏ်ယူဝင့်ကြွားပြနေတဲ့ ဒီ တော်ဝင်မိသားစုဟာ တစ်ချိန်က မြန်မာတွေရဲ့ ဘုရင်ဖြစ်တဲ့ သီပေါမင်း နဲ့ သူ့ရဲ့ မိဖုရား စုဖုရားလတ်(အခု လက်ထပ်ကြတဲ့ စုံတွဲ အသက်အရွယ်လောက်တောင် မရှိသေးပါဘူး)ကိုတော့ သူတို့ရဲ့ နိုင်ငံကို မတရား အနိုင်ကျင့် သိမ်းယူပြီး သူတို့ကိုလည်း ကျွန်သဘောက် ဘဝထက် ဆိုးဝါးနိမ့်ကျတဲ့ အဖြစ်မျိုးရောက်ခဲ့ စေရုံမျှ မက သူတို့ ရဲ့ မင်းမျိုးမင်းဆက်တွေကိုပါ ပျောက်ပျက် တိမ်ကော၊ ယုတ်ညံ့သွားအောင် စနစ်တကျ ဖျက်ဆီးပစ်ခဲ့ကြတဲ့ သူတွေ ဖြစ်တယ် ဆိုတာကိုတော့ မြန်မာလူမျိုးတိုင်း လုံးဝ မမေ့ဖို့ လိုပါတယ်။
အစွန်းရောက် မျိုးချစ် မဟုတ်သလို၊ လူမျိုးရေး ခွဲခြားနေပြီး ပြောနေတာလည်း မဟုတ်ပါဘူး။ မြန်မာပြည်မှာ ပဒေသရာဇ် စနစ် ထူထောင်ဖို့ ရေရွတ်နေတာလည်း မဟုတ်ပါဘူး။ လစ်ဘရယ်၊ လူ့ အခွင့်အရေး၊ တန်းတူ ညီမျှရှိရေး ဆိုတာတွေကို လူကြားကောင်းအောင် အခု တွင်တွင်ကြီး အော်ဟစ်နေကြတဲ့ ဒီလူတွေရဲ့ အတိတ်က မညီမမျှ လုပ်ရပ်တွေကို မေ့ဖျောက် မပစ်လိုက်ကြပါနဲ့လို့ ခပ်ရိုးရိုး ပြောလိုရင်းပါ။