ကြွပ်ကြွပ်အိတ် မသုံးစွဲရေး စီမံချက်ကိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်။ စက်ရုံတွေကအစ ပိတ်သိမ်းခိုင်းတာမို့ ကောက်ရိုးမီး စီမံချက်မဟုတ်ဘူးလို့ ယူဆရပါတယ်။ အခု ရန်ကုန်မြို့တော်ဝန်က သံအမတ်ဟောင်း ဦးလှမြင့် ဖြစ်ပါတယ်။ အရင်မြို့တော်ဝန် ဦးအောင်သိန်းလင်းကတော့ ရိုင်းစိုင်းတဲ့၊ ဝန်ထမ်းတွေကို ဖိနှိပ်တဲ့၊ လာဘ်စားတဲ့နေရာမှာ လူပြောသူပြော များပါတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်တော့ လမ်းကို တခြမ်းပဲခင်းပြီး အလျှော့အတင်းလုပ်လို့ “လမ်းတခြမ်းခင်း အောင်သိန်းလင်း” ဆိုပြီး အမည် တွင်သွားပါတယ်။
စာမတတ်တဲ့ အရူးတွေ အုပ်ချုပ်တဲ့ တိုင်းပြည်လို ဖြစ်တော့မှာပဲ။ လက်ရှိအားဖြင့် ကျွတ်ကျွတ်အိတ်သုံးစွဲတာကို ပိတ်ပင်တာဟာ အတုမရှိ အရမ်းကောင်းတဲ့ ဥပဒေကြီးပါပဲ။ ဒါပေမယ့် လက်ရှိအားဖြင့် ကျွတ်ကျွတ်အိတ်ဆိုတာ လူတွေအတွက် အရမ်းအသုံးဝင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကို ဟေ့ .. အဲ့ဒါ မသုံးရဘူးကွ လို့ အရူးဥပဒေတွေ ထုတ်ထုတ်ပြတတ်တဲ့ အာဏာရှင်အစိုးရ လို တားမြစ်တာဟာ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ဘူး။ မှန်ကန်တဲ့ ဖြေရှင်းနည်းတွေက မြို့တော်စည်ပင်က အမှန်တကယ် အလုပ်လုပ်ဖို့။ အမှိုက်သိမ်းဖို့၊ အမှိုက်ပုံတွေကို နေရာအနှံ့ထားပေးဖို့။ အမှိုက်ပြစ်ရင် ကျွတ်ကျွတ်အိတ်ကို ခွဲပြစ်ဖို့ အမှိုက်ပုံးထားဖို့။ စတဲ့ basic infrastructure က အရေးအကြီးဆုံးပါ အရူးတွေ အုပ်ချုပ်တဲ့ အစိုးရရေ။ ဒါမှ နောက်တစ်ဆင့် 4 R တို့ကို ပညာပေးလို့ရမယ်။ အမှန်တကယ်ဖြေရှင်းရမှာက အာဏာရှင်တွေလုပ်လေ့လုပ်ထရှိတဲ့ ပိတ်ပင်သည် လို့ လုပ်လို့မရဘူးကွ။ government က basic infrastures တွေကို public services တွေကို အမှန်တကယ် လုပ်ပေးဖို့ကွ။ နလဘိန်းတုန်း အစိုးရကြီးရေ။ ပြောရတာလဲ မောနေပြီ။ နှစ်နှစ်ဆယ်တောင် ပြောလာတာ ကျွဲပါးစောင်းတီး ပါပဲဗျာ။ အခုအစိုးရသစ်ကလဲ ဘာမှ မပြောင်းလဲဘူး။ မြေခွေးဟာ သိုးဝတ်ရုံကို ခြုံထားလဲ မြေခွေးပါပဲ။