မေလ ၁၃ ရက်နေ့ မြန်မာ့အလင်း သတင်းစာမှာ မစ္စတာ နမ်ဘီးယားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့တဲ့သတင်းကို စာမျက်နှာ ၉ မှာ ခပ်သေးသေး ထည့်ထားတာ တွေ့မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ကိုယ်စားလှယ်တွေ၊ သံအမတ်တွေနဲ့ တွေ့ကြတာ ရှိပေမယ့် ဒီလို ဖော်ပြတာတော့ မတွေ့ရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးလို့ ဖော်ပြမထားတာလည်း သတိပြုမိမယ် ထင်ပါတယ်။
အဖွဲ့က တရားမ၀င်တော့ဘူး မလား?