ဒီနေ့ထုတ် မြန်မာ့အလင်း ကြေးမုံသတင်းစာတွေမှာ ပါတဲ့ ဗိုလ်သင်တန်းလျှောက်လွှာ ၃ စောင် = ဟာသ
လူငယ်တွေ စစ်ဗိုလ်ဖြစ်ဖို့ ကန့်သတ်ခံနေရပါတယ်။ သိပ္ပံ သို့မဟုတ် ၀ိပ္ပံ နဲ့ စာမေးပွဲအောင်ရမယ် တဲ့။
သိပ္ပံ ဆိုတာ ၀ိပ္ပံ လို့လည်း ခေါ်သလား။ ၀ိပ္ပံဆိုတာ ဘာလဲ ဆိုပြီး ခေါင်းကိုက်နေကြပါတယ် တဲ့။
နံပါတ် ၃ မှာ ပါတဲ့ ပတ်စ်ပို့အရွယ် ဓာတ်ပုံ ဆိုတာကို ခေါင်းစားနေကြသတဲ့။ ပတ်စ်ပို့ ဆိုတာ ၃ လက်မ၊ ၄ လက်မ ပတ်လည် ရှိတာကြောင့် တကိုယ်လုံးပုံကို ဆိုလိုတာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် တကိုယ်လုံးပုံ ရိုက်ရင် ဘယ်လို အိုက်တင် ပေးရမယ် ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက် မပါလို့ အိုက်တင်ပေးရေး ခက်ခဲကြောင်း သိရပါတယ်။
မဟာ အခက်အခဲကတော့ နံပတ် ၃ မှာ ပါတဲ့ ထောက်ခံချက်လို့ သိရပါတယ်။ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်အတွက် ရဲစခန်းမှာ သွားတောင်းဖို့ ညွှန်ကြားထားတာပါ။
ဗိုလ်ဖြစ်ချင်သူတွေက ထောက်ခံစာ သွားတောင်းတဲ့အခါ ရဲစခန်းတွေက ငြင်းလွတ်နေတယ်လို့ ဆိုပါတယ်။
ရဲတွေက - ငါတို့ကိုယ်တိုင်က စာရိတ္တ ကောင်းတဲ့ ကောင်တွေမှ မဟုတ်တာ၊ မင်းတို့ကို အဲဒီထောက်ခံချက် ပေးလို့ ဘယ်ဖြစ်မလဲ ဆိုပြီး ငြင်းလွတ်ပါသတဲ့။
ကဲ - ခုခေတ်မှာ ဗိုလ်ဖြစ်ဖို့ လွယ်ပါ့အုံးမလား။
(ဇွန် ၉ - ဖြည့်စွက်ချက်-
ခုချိန်ထိ ပရိသတ် တုန့်ပြန်ချက် ၁၆ ခု တွေ့ထားပါတယ်။ အများစုက ၀ိပ္ပံ အကြောင်းပါ။
မဲဆောက်အခြေစိုက် သတင်းထောက်တယောက်ကို ဒီမနက် မေးကြည့်တော့ - ၀ိပ္ပံ ဆိုတာ ၀ိဇ္ဇာ နဲ့  သိပ္ပံ ကို ပေါင်းထားတဲ့ စကားလုံး၊ ကျောင်းသားတွေ ထွင်ပြီး ခေါ်ရာကနေ ဌာနဆိုင်ရာက လိုက်သုံးတယ် ဆိုပဲး)
သိသလောက်တော့ ၀ိပ္ပံဆိုတာရှိပါတယ်။ အားကစားသမ တယောက်ပေါ့။ သိပ္ပံ နဲ့ သွားတွဲလိုက် လို့သာ ဘာကြီးမှန်းမသိဖြစ်သွားတာ။ ဒီ ဆရာတွေတော့ ခက်ကပြီ..။
တွေ့ဖြစ်အောင် တွေ့ပြန်ပါလားနော်.. လွဲချက်ကနာလို့ပြောရမတတ်.. အင်းလေ..ထူးအိမ်သင် ဆိုသွားသလိုပေါ့ လွဲလွဲလေးဘဲကောင်းပါတယ်..။ အဲဒီ ကျောင်းတော်ကြီး ဆိုတာက ကမ္ဘာ့ ဒုတိယ လာဘ်အစားဆုံး ဆုရသည်အထိ အသိပညာ အတတ်ပညာတွေ ကို တလွဲအသင်ကောင်းပြီးသားဟာနော့...။