မလေးရှားက အိုဗာစတေးသမားတွေ၊ ခိုးဝင် နေထိုင်သူတွေ အကျုံးဝင်မယ် ထင်တယ် -
PHOTO: UTUSAN M'SIA |
တရားမ၀င် နေထိုင်သူများကို မလေးရှားမှာ မဖမ်းဆီးတော့ဘဲ အလုပ်လုပ်ခွင့် ပေးလိမ့်မယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ AFP သတင်းတပုဒ် မနေ့က ရက်စွဲနဲ့ ထွက်လာပါတယ်။
စိုက်ပျိုးရေးလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းတွေမှာ လူနည်းနေတဲ့အတွက် တရားမ၀င်နေတဲ့ နိုင်ငံခြားသား ၂ သန်း ၀န်းကျင်ထဲက တချို့ကို အလုပ်လုပ်ခွင့် ပေးမယ် တဲ့။ ပြည်တွင်းလုံခြုံရေးဝန်ကြီး Hishammuddin Hussein က ပြောတယ်လို့ ဆိုပါတယ်။
"သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပြုဖို့ မဟုတ်ပါဘူး။ မလေးမှာ တရားဝင် နေထိုင် လုပ်ကိုင်ခွင့် ပေးဖို့ပါ" လို့ ၀န်ကြီးက ဆိုပါသတဲ့။
စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံ အလုပ်ရုံတွေအပြင် အိမ်အကူ နဲ့ ကလေးထိန်းတဲ့ အလုပ်မျိုးတွေ အတွက် အရှေ့တောင်အာရှနိုင်ငံက အလုပ်သမားတွေကိုပဲ သုံးနေကြတယ်လို့ သတင်းက ဆိုတယ်။
အများစုက လုပ်ခ နည်းတယ်၊ ပြီးတော့ အင်ဒို အလုပ်သမားတွေဆို အလုပ်ချိန် များလွန်းတယ်လို့ ဆိုတယ်။
တရားဝင် အသိအမှတ် ပြုလိုက်ရင် အလုပ်ရကြမယ်၊ လူပွဲစားတွေ အမြတ်ထုတ်တာလည်း မခံရတော့ဘူးလို့ ၀န်ကြီးက ဆိုတယ်။
နိုင်ငံစုံက အလုပ်သမားတွေထဲကမှ ဘယ်သူတွေ အလုပ်လုပ်ခွင့် ရနိုင်တယ်၊ ဒီအစီအစဉ် ဘယ်တော့ အစပြုမယ် ဆိုတာကတော့ မသိရသေးပါဘူး တဲ့။
မူရင်း -
Malaysia to offer illegals amnesty to work
KUALA LUMPUR - MALAYSIA is to offer amnesty to some of its two million illegal immigrants in a plan to ease labour shortages in the plantation and service industries, a senior minister said on Monday.
'(It's) not legalising them to be citizens but legalising them to stay (and work in Malaysia) legally,' Hishammuddin Hussein, who is responsible for internal security, told reporters.
With one of Asia's largest populations of foreign labourers, Malaysia relies heavily on immigrants, especially from neighbouring Southeast Asian countries, to clean homes, care for children and work in construction, plantations and factories.
Many of the illegals are poorly paid Indonesians who work long hours in menial jobs shunned by locals.
Mr Hishammuddin said the scheme to legalise the workers would allow them to gain employment and not be exploited by human traffickers.
The minister did not specify who among Malaysia's illegal immigrant population would be offered the chance to stay, nor were the terms under which they would be granted asylum immediately clear. -- AFP
တရားမ၀င်သွားရင်တော့ ဖြစ်လာတဲ့ပြသနာတွေကို မြန်မာပြည်က အစိုးရကလည်း ဖြေရှင်းပေးလို့မရဘူး။ထို့အတူ မလေးအစိုးရကလည်း အရေးယူမှာပဲ။ဒါကြောင့် မြန်မာပြည်သားတွေအနေနဲ့ သူများနိုင်ငံကို အချောင်စိတ်ဓာတ်နဲ့ ခိုးမ၀င်ကြပါနဲ့ တရားမ၀င်မသွားကြပါနဲ့။
တရားဝင် သွားအလုပ်လုပ်။တရားဝင်လမ်းကြောင်းကနေပဲ သွားလာ လုပ်ကိုင်ကြပါ။မြန်မာပြည်သားတွေအတွက် သိက္ခာကျစေတဲ့လုပ်ရပ်တွေမလုပ်ပါနဲ့။ခိုးဝင်တယ်ဆိုတာ သူခိုးပဲ။ငါတို့မြန်မာနိုင်ငံသားတွေဟာ သူခိုးမဟုတ်ဘူး ခိုးချင်ခိုးဝှက်စိတ်ဓာတ်မရှိဘူး။တရားဝင်လမ်းကြောင် ဥပဒေအတွင်းကနေပါ။ကိုယ့်ကြောင့် တိုင်းပြည်နဲ့လူမျိုး ဂုဏ်သိက္ခာကို မကျဆင်းစေပါနဲ့။
မောင်ပေါက်