စောင့်ကြည့်တဲ့အလုပ် လုပ်မလား။
သတ်မှတ်ချက်အတိုင်းသာ ဆုကြေး ပေးမယ် ဆိုရင်တော့ နေ့စဉ် ၀င်ငွေ သောင်းဂဏန်းတော့ ရမှာပါ။
စောင့်ကြည့်သူမှာ ဗီဒီယို ကင်မရာ တလုံးလောက်တော့ အရင်းအနှီးပြုဖို့ လိုပါလိမ့်မယ်။
မြို့တော် သန့်ရှင်းရေးအတွက် စီစဉ်ထားတဲ့ နည်းလမ်းသစ် ဖြစ်နိုင်ပါတယ်။
အမှိုက်ပစ်တာ ဒဏ်ရိုက်တာ ကောင်းတာပေါ့နော်..။ လုပ်ငန်းကောင်းလို့စောင့်ကြည့်ရင်း ချောင်းအရိုက်မခံရဖို့တော့ သတိထားရလိမ့်မယ်။ ဘာလို့ဆို အများစုကြီးက စည်းမရှိကမ်းမရှိ ကြိုက်သလို အမှိုက်ပစ်နေကြတာကိုး..။ ဘယ်လိုမဆို အမှန်တကယ်သာ သန့်ရှင်းသွားမယ်ဆိုရင် မဆိုးပါဘူး။ ခုတော့ ကြွက်သိုက်ထဲ ဖြဲနေရသလိုပါဘဲ။ မြို့တော်စည်ပင် က ဒဏ်ရိုက်သလို အလုပ်လုပ်ဖို့လဲလိုမယ်။ ဒဏ်သာရိုက်ပြီး သူကလဲ အမှိုက်ကို နိုင်အောင်မသိမ်းရင်တော့ .. ဂျာအေးသူ့အမေရိုက် ဆိုတဲ့ တေးကဗျာလေး ကို ဆိုနေရသလိုဖြစ်မှာ..။ :)