ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အရာရှိတွေက အခုလက်ရှိ ဒုသမ္မတ တင်အောင်မြင့်ဦးဟာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးသင့်တဲ့သူ ဖြစ်တယ် လို့ ပြောလိုက်ပါတယ်။ တိုင်းရင်းသားဒေသဘက်မှာ သူ တာဝန်ယူစဉ်က လူအများအပြားသတ်ဖြတ်ခံရမှုမှာ အဓိက တာဝန်ရှိသူ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ဒေသကို သွားရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ဘကောင်းက ဒီကိစ္စတွေကို စုံစမ်းရေးသား တင်ပြထားပါတယ်။ အသေးစိတ်ကို လောလောဆယ် အင်္ဂလိပ်ဘာသာနဲ့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ သတင်းထောက် ဘကောင်း စုဆောင်းခဲ့တဲ့ အထောက်အထား ဓာတ်ပုံတချို့ကို ဒီကနေ ထပ်ပြီး တင်ပြပေးလိုက်ပါတယ်။
ဇန်နဝါရီ ၂၀၀၆။ မူဆယ်ဆောင်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ KIA စစ်သားနဲ့ အရပ်သားများရဲ့ ဈာပန။
ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကို ဘာကြောင့် အခုမှ ဖွင့်ချရတာလဲဆိုတော့ အဲဒီကာလတုန်းက အမျိုးသားညီလာခံကျင်းပနေဆဲဖြစ်တယ်၊ အပစ်အခတ်ရပ်စဲရေး မပျက်ချင်ဘူး ဆိုတာတွေကြောင့် လူသိရှင်ကြား ဘာမှ မပြောဘဲ နေခဲ့တာလို့ ဆိုပါတယ်။
ဒီအစိုးရမိုက်ရိုင်းရမ်းကားတာတော့ ကမ်းကိုကုန်နေပြီကိုယ့်လူတို့၊ တချို့ကလဲပြောကြတယ် ဝဋ်ဆိုတာဘဝမကူးဘူးတဲ့၊ တချို့ကကျတော့စောင့်ကြည့်ပါ သိပ်မကြာတော့ဘူးတဲ့.. တချို့ကကျတော့ အမလေး နိုင်ငံရေးသွားမပတ်သက်နဲ့ ဆွေစဉ်မျိုးဆက်ဘဝတုံးအောင်အရှင်လတ်လတ် သတ်ထားအုန်းမှာတဲ့ တချို့ကလဲ .. တချို့ကလဲ .. တချို့ကလဲ .. ဒီလိုနဲ့ပဲ အာဏာရှင်ဘုန်းတခိုးအရှိန်အဝါတောက်ပြောင်ခဲ့တာ ဆယ်စုနှစ်များစွာ ချိုး(ဂျိုး) ကပ်နေခဲ့ပေါ့