(မနေ့က ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပွဲရပ်လိုက်ရတဲ့ မြန်မာ-အိုမန် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲကိစ္စနဲ့ ပတ်သက်လို့ အားကစားစိတ်ဓာတ်၊ အမျိုးသားရေးစိတ်၊ နိုင်ငံရေးအချဉ်ပေါက်မှု၊ အမှန်နဲ့ အမှား စတာတွေကို ဘယ်သူတွေ ဘယ်လိုထင်၊ ဘာပြောကြသလဲ လက်လှမ်းမီသလောက် စုစည်းပေးလိုက်ပါတယ်။ စာဖတ်ပရိသတ်တွေလည်း ကော်မန့်မှာ ရေးသွားနိုင်ပါတယ်။)
အနိုင်နဲ့အရှုံးပဲရှိတဲ့ ပြိုင်ပွဲတစ်ခုမှာ စိတ်ဓာတ်ကိုရှုံးသွားတာလောက် ရှက်ဖို့ကောင်းတာ မရှိတော့ဘူး... ဒါဟာ ရဲရဲတောက်တွေပါတဲ့.. (ကွမ်းသွေးတွေ) (နိုင်နိုင်းစနေ)
မြန်မာမရှုံးပါ။ မြန်မာတွေ မမိုက်ရိုင်းပါ။ ဒီခြေစစ်ပွဲကို ဘယ်လိုနည်းနဲ့မှ မနိုင်ဘူးဆိုတာ အားလုံးနားလည်ပြီးသားပါ။ အိုမန်ကို ရှုံးတယ်ဆိုရင်လည်း ကျေကျေနပ်နပ် လက်ခံကြမှာပါ။ ဒီပွဲမှာ ပြည်သူတွေဟာ စစ်အစိုးရအပေါ်မှာ ဘယ်လောက်ထိ ခံပြင်းနေကြသလဲ၊ နာကျည်းနေကြသလဲ ဆိုတာ မြင်နိုင်ပါပြီ။ ပြည်သူတွေဟာ ပေါက်ကွဲဖို့ အခွင့်အရေးရတာနဲ့ သူတို့ရဲ့ မကျေနပ်မှုတွေကို ဖေါ်ပြလိုက်ကြတာပါ။ (ရဲသူရိန်မင်း)
ဒီနေ့ ဘောပွဲနဲ့ ပက်သက်ပြီး မြန်မာလူမျိုးတွေ ဘာဖြစ်ညာဖြစ်လျောက်ပြောမနေပါနဲ့... ဒီနေ့ပွဲက မြန်မာလူမျိုးအားလုံး ကိုကိုယ်စားမပြုတာသေချာတယ်.. ပရိတ်သတ်အများစုဟာ ရက်ကွက်ထဲက ဇိုးလူငယ်အများစု အုပ်စုလိုက်ဖွဲ့လာတာ ပိုများပါတယ်။ နောက် အားလုံး အရက်မူးနေအောင် သောက်ထားကြတယ်.. မိန်းကလေးဆိုတာ မပါသလောက်နည်းပါတယ်.. ဆိုတော့ လူမျိုးနဲ့ ချီပြီး ပြောမနေနဲ့တော့ (ထူးတေဇာ)
ကျွန်တော် မနေ့က ကွင်းထဲမှာ ရှိပါတယ်.. အဲဒီ မူးပြီးသောင်းကျန်းနေတဲ့ ကောင်တွေ နိုင်ငံရေး စိတ်ဓာတ်ဘာမှ မရှိပါဘူး။ တစ်ဖက်အသင်း နည်းပြအဖွဲ့ ကို ထိရင်ပြီးရော ခဲနဲ့ ပစ်နေကြတာပါ။ ပွဲမစခင် ၂ နာရီကျော်လောက်ကတည်းက အချင်းချင်းလဲ ထိုးနေကြတယ်... (ထူးတေဇာ)
ဒီမိုကရေစီရတော့မှ ဘောလုံးကွင်းထဲကို လွတ်လပ်စွာ ဂျင်ကလိ၊ မူလီကုမ်း၊ လေးခွ၊ ရှော၊ စကေဘာ၊ ငှက်ကြီးတောင် တွေပေးယူပြီး လွတ်လပ်စွာ အားပေးခွင့်ပေးရမယ်။ အရက်၊ ဘီယာ လွတ်လပ်စွာပေးရောင်းမယ်။ တားဆီးမယ့် လုံခြုံရေးတွေမထားဘူး။ ပရိသတ်ကို ဒီမိုကရေစီနားလည်တဲ့ အကိုကြီးတွေက ငြိမ်းချမ်းစွာအားပေးဖို့ ကွင်းထဲဆင်းပြီး စည်းရုံးပေါ့နော်။ ဒီမိုကရေစီ အစိုးရဆို ပြည်သူက မပေါက်ကွဲကြဘူးထင်တာပဲ။ ~ငှဲငှဲ (ဝနေဆွ)
(အစိုးရသတင်း) ပြည်တွင်းပြည်ပ အဖျက်သမားများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မသိနားမလည်သော ပရိတ်သတ်များ ဆူပူသည့်အတွက် မြန်မာ-အိုမန်ပွဲစဉ် ရပ်ဆိုင်းခဲ့ရ
(ပြည်ပအတိုက်အခံ) အစိုးရ၏ ရှိသင့်သည့်အနေအထားတွင် မရှိနေသော လုံခြုံရေးအားနည်းချက်များနှင့် ပြည်သူတို့အပေါ် တင်းကျပ်ထားမှုများကြောင့် ပရိတ်သတ်များ အုံကြွမှုဖြစ်ပြီး ဘောပွဲဖျက်သိမ်းခံရ၊ အိမ်ကွင်းပိတ်ခံရနိုင်သည်အထိ အပြစ်ချမှတ်ခံရနိုင်ဖွယ်ရှိ (မျိုးသက်ပိုင်)
မြန်မာပြည်မှာ ဘောလုံးကွင်းတွေကို နောက်ဆိုရင် ကြက်အုပ်ဆောင်းလိုမျိုး သံဇကာအပြည့်တပ်ပီး ကစားခိုင်းမယ်...။း)))(ဖိုးသူတော်)
မြန်မာဘောလုံးပရိသတ်ရဲ့ ပြုမူပုံကို ကြားသိရတော့ အော်... အရှုံးကိုလည်း ကျေကျေနပ်နပ် လက်ခံတတ်ရမယ် ဆိုတာ ခေါင်းဆောင်တွေကမှ အစဉ်အဆက် မသင်ပြခဲ့တာကိုးလို့ပဲ ကျွန်တော် တွေးမိပါတယ်။ ပြည်သူဆိုတာက များသောအားဖြင့် ခေါင်းဆောင်ကို ကြည့်တတ်တာကိုးဗျာ...။ (မျိုးသာထက်)
ရှက်စရာကောင်းတယ်..သွေးဆူတယ် ဆိုတာ ဂုဏ်ယူစရာလို့ လည်း မမြင်ဘူး..
ရှင်းရှင်းပြောရရင် ရိုင်းတယ် လို့ ပဲမြင်တယ်.. ဒီပုံနဲ့ မြန်မာ ဆိုတာ အရိုင်းအစိုင်း တွေ.. ဖြစ်နေပြီဆိုတာ.. ကျေးဇူးပြုပြီး သတိထားစေချင်ပါတယ်..
"လွတ်လပ်စွာ.." ဆိုတဲ့စကားကို သုံးရင်တောင် ဒီလုပ်ရပ်ဟာ သိပ်ကို ရိုင်းတဲ့ လုပ်ရပ်ပါပဲ..(ကျော်သူရိန်လွင်)
ယမန်နေ့ ဘောလုံးပွဲ ဆူပူသောင်းကျန်းမှုသည်
KNU ၏ လက်ချက်ဖြစ်ကြောင်း.......ဒန့် တန့် တန့်