တနင်္လာနေ့ နေ့လည်ပိုင်းမှာ စိမ်းလဲ့ကန်သာ ပြန်ထောင်စု ဧည့်ရိပ်သာမှာ တွေ့ဆုံမယ်လို့ အစိုးရ အရာရှိကြီးများက ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက် လာကတည်းက အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံမယ့် အစီအစဉ်ကို အစိုးရ အရာရှိကြီးတွေက အတည်ပြုပြောဆိုခဲ့တာဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ၎င်းတို့ကို ဘာမှ ပြောဆိုထားခြင်းမရှိဘူးလို့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဆိုပါတယ်။
သတင်းထောက်များ၊ စာနယ်ဇင်းသမားများကို ပွဲတက်ရောက်ခွင့်ပြုပေမယ့်လည်း၊ ဆွေးနွေးပွဲ တလျှောက်လုံးကိုတော့ နားထောင်ခွင့်၊ သတင်းယူခွင့် ရှိမှာမဟုတ်ကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ၂၀၀၇ ခုနှစ်မှာ တကြိမ်၊ ၂၀၀၉ စက်တင်ဘာမှ တကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။
-----
tawe. nay tar lel kha na kha na par bae,bar mha lel phyt. lar tar ma hoke.junta yae. yeik sar loke kwet tawe.