မိုးယံ
ရန်ကုန်မှာ ထုတ်ဝေတဲ့ Hot News ဂျာနယ်ဟာ တနှစ်ပြည့်ချိန်မှာ အမှန်တကယ် Hot ဖြစ်နေပါပြီ။
နာမည်ကျော်ဆေးရုံကြီးတခုက ဂျာနယ်ကို တရားစွဲလိုက်ပြီ ဆိုတော့ Hot ဖြစ်ပြီပေါ့။
SSC လို့ ခေါ်တဲ့ ပုဂ္ဂလိက ဆေးရုံကြီးက တရားစွဲထားတာပါ။
ဇွန် ၃ ရက်နေ့ထုတ် ဂျာနယ်မှာ "ပုဂ္ဂလိက ဆေးရုံ SSC ၏ ၀န်ဆောင်မှု" ဆိုတဲ့ ဆောင်းပါးပါ အချက်တွေဟာ မှားယွင်းနေတယ်လို့ ဆေးရုံက ယူဆပါတယ်။ မှားတာကို တောင်းပန်ပါ၊ မတောင်းပန်ရင် တရားစွဲမယ်လို့ ဆိုပါတယ်။
ဟိုတယ်/ခရီးကလည်း အလားတူ ပြောလာပါတယ်။
ဂျာနယ်က ဘယ်လို တုန့်ပြန်သလဲ??
လက်မခံနိုင်ဘူး ဆိုပြီး ဆေးရုံကြီးကိုရော၊ ဟိုတယ်/ခရီးကိုရော စာပြန်ထားပါတယ် တဲ့။
သောကြာနေ့က ရန်ကုန်မှာ Hot News က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး အဲဒီလို ကြေညာလိုက်တာပါ။
ဆေးရုံ နဲ့ ဟိုတယ်/ခရီးတို့က တရားရုံးတက်မယ် ဆိုရင် "ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ပါပဲ" လို့ ဂျာနယ် အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ က ပြောလိုက်ပါတယ်။
Hot News ဘက်ကနေ လိုက်ပါ ဆောင်ရွက်ပေးမယ့် ရှေ့နေက ဦးသိန်းညွန့် ဖြစ်ပါတယ်။
“အခုလို နို့တစ် ပေးတာတို့၊ တရားစွဲတာတို့ သတင်းမီဒီယာတို့ကို နောင် မရေးနိုင်အောင် ချိုးနှိမ်ပစ်တာတို့ဟာ အခု သက်ရောက်နေတဲ့ ဖွဲ့စည်းပုံ အခြေခံ နဲ့ ညီညွှတ်မှု မရှိဘူး” လို့ ရှေ့နေလည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။
ဂျာနယ်ပိုင်ရှင် အယ်ဒီတာချုပ်က ဒု ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့ သမီး ဖြစ်ပါတယ်။ ခင်ပွန်းသည်ကလည်း ဗိုလ်မှူးကြီးဟောင်းပါ တဲ့။
သတင်းဦးစားပေး Hot News ဂျာနယ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာတွေ တွေ့ရပါတယ်။
ဟိုတယ်/ခရီးက ကွိုင်ရှာတဲ့ ဆောင်းပါးကိုတော့ မကြာခင် ဒီဘလော့မှာ ဖော်ပြပေးနိုင်မှာပါ။
SSC ဒေါသောင်းကျန်းသူ ထစေတဲ့ ဆောင်းပါးကိုတော့ အလဲဗင်းမီဒီယာ ၀က်ဆိုက်မှာ ကြည့်နိုင်ပါတယ်။
အဲဒါ ပထမပိုင်းပါ။ ဒုတိယပိုင်းက စာပေစိစစ်ရေးဌာနရဲ့ ဓားချက် ထိသွားတယ်လို့ သိရပါတယ်။
မနေ့ကပဲ ကျွန်တော်အစ်ကို ssc မှာဆုံးသွားတယ်..သေခါနိးမျောနေတာတောင်ကျောက်ကပ်ထပ် ဆေးချင်သေးတယ်.တော်သေးတယ်သေသွားလို့.မဟုတ်ရင်ခံစားပြီးမချိမဆန့်သေရမှာ..ဆေးရုံတင်ကတည်းက ဘာရောဂါမှန်းမသိရသေးပဲ ကျောက်ကပ်ဆေးရင် ကောင်းမယ်ဆိုလို့ဆေးလိုက်ရတာ တပတ်အတွင်း၃ခါဆေးရတယ်.လုံးဝသက်သာမလာတဲ့အပြင် အသက်ပါသေရတယ်..ဘာရောဂါမှန်းသိအောင်မကြိုးစားပဲ အထင်နဲ့ကုတာလေ. လူသေတာသူတို့အတွက်အရေးမကြီးဘူး ပိုက်ဆံရဖို့ ဆရာဝန်နဲ့ဆေးရုံညီညီညွတ်ညွတ် ပေါင်းကြံကြတာလေ...တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ဆေးရုံ.