ရွှေဝါရောင် နှစ်ပတ်လည် ၄ နှစ်ပြည့်နေ့ ရန်ကုန်မြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ နေရာ ၅ ခုမှာ စုဝေး၊ ချီတက်ကြတဲ့ အသေးစား ဆန္ဒပြမှုတွေ ဖြစ်နေတယ်လို့ ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက်က ပြောပါတယ်။
ဧရာဝတီမြစ်အရေး စိုးရိမ်သူများ၊ NLD နော်အုံးလှ၊ တွံတေး ကျူရှင်ဆရာ ဦးအောင်ဖေ စတဲ့ ပုဂ္ဂိုလ်များ သီးခြားစီ ဆန္ဒပြနေကြတာလို့ ဆိုပါတယ်။
အကျဉ်းသားလွတ်မြောက်ရေးအတွက် တောင်းဆိုသူများ ရှိသလို မြစ်ဆုံစီမံကိန်း ရပ်တန့်ရေး တောင်းဆိုသူလည်း ရှိပါတယ်။
လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခု ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ အနီး ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပွားပြီး လက်မခံကြောင်း သတင်းစာဆရာကြီးများနှင့် လူအများစုက ပြောကြားခဲ့ကြတယ်လို့ Eleven Media Group ၀က်ဆိုက်က ရေးလိုက်ပါတယ်။
ဝါရင့်သတင်းစာဆရာ လူထုစိန်ဝင်း
Eleven Media Group - CEO ဒေါက်တာသန်းထွဋ်အောင်
ဦးဝင်းကြိုင် (အထွေထွေအတွင်း ရေးမှူး၊ ငါးလုပ်ငန်း အဖွဲ့ချုပ်) တို့ကို ကိုးကားပြီး ဖော်ပြတာပါ။
၂း၀၀ မြောက်ဥက္ကလာမှာ ချီတက်နေသူတွေ လူစုခွဲလိုက်တယ်။ ဆူးလေဘုရားဘက်ကို ကားနဲ့ သွားကြပြီ။
လုံထိန်းများက လိုက်လံကြည့်ရှုသည်။ ဖမ်းဆီးမှု မရှိ။
(၃း၃၀ တွင် ရသော သတင်းအရ )ဆန္ဒပြပွဲပြီးဆုံး။
ဒီသတင်းကို ၀ီးကလီး အလဲဗင်းမှာ ဖတ်လိုက်ရလို့ ဒီဘလော့မှာ ဘာရေးထားမလဲဆိုပြီး ၀င်ကြည့်မိတာ။ ကျနော်တို့ အခုလောလောဆယ် မြစ်ဆုံကိစ္စနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့ကိစ္စကို ပညာရှင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ လူလိမ္မာနည်းနဲ့ တောင်းဆိုနေကြတဲ့အချိန် ဖြစ်ပါတယ်။ အဖြေဘယ်လို ထွက်လာမယ်ဆိုတာ မသိရသေးပါဘူး။ နောက်ဆုံး ကျနော်တို့ လိုချင်တဲ့ အဖြေမျိုး၊ ရလာဒ်မျိုး ထွက်မလာရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လမ်းပေါ်ကို မဖြစ်မနေထွက်ကြရမှာပါ။ ဘာမှ သိပ်ပြီးတော့ သဲသဲကွဲကွဲ အဖြေမရသေးတဲ့အချိန်မျိုးမှာ လမ်းပေါ်ထွက်လိုက်သူတွေအနေနဲ့ အောင်အောင်မြင် မြင် တိုက်ပွဲဝင်သွားနိုင်ဖို့ အားလုံးအဆင်သင့် ဖြစ် မဖြစ် စဉ်းစားစရာပါ။