သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းထားမယ်လို့ လွှတ်တော်ကို သဝဏ်လွှာပို့ ပြောကြားတာကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။
ဒီန့ နေ့လယ် အလုပ်သမားရေးရာဝန်ကြီး ဦးအောင်ကြည်နဲ့ ရန်ကုန် စိမ်းလဲ့ကန်သာ ရိပ်သာမှာ တွေ့ဆုံစဉ်က ပြောဆိုလိုက်တာပါ။
ဒီနေ့ ဦးအောင်ကြည် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးမှုမှာ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး အပါအ၀င် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတဲ့ အကြောင်းအရာတွေကို အကျယ်တ၀င့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့နစ်ယောက် ပြည်သူတွေကို ဟန်ပြ၀ါဒဖြန့်ဘို့အတွက် တွေဆုံဆွေးနွေးပြတာ မပြီးနိုင်တော့ဘူးလား အောင်ဆန်းစုကြည်တွေယင် သမတ သိန်းစိန်နဲ့တွေပါလား.. ဦးအောင်ကြည်က တွေ့ဆုံဆွေနွေးပြီး ဘာတွေဆုံးဖြတ်ချက်ချနိုင်လို့လဲ လေကုန်ရုံသာလွဲပြီး ဘာမှအကျိုးမရှိပါဘူး...ဒီလို့ဟန်ပြလုပ်ပြီးနစ်နှစ်တောင်ပြည့်တော့မယ်..ဘာမှရေရေလည်လည်အကျိုးဖြစ်ထွန်းတာ ဘာမှမတွေ့ရဘူး...နစ်ပေါင်းဘယ်လောက်အထိ ဟန်ပြတွေ့ဆုံဆွေးနွေးပြမလဲ မသိဘူးနော်...ပြည်သူအကျိုးကို တကယ်လို့လားပြီး ဆွေးနွေးမယ်ဆိုယင် တစ်ပတ် သိုမဟုတ် တစ်လ အတွင်း ဆွေးနွေးလို့ပြီးတယ်... အဲဒီလောက်အထိကြာစရာမလိုပါဘူး...ပြည်သူတွေ လိမ်ညာဝါဒဖြန့်အတွက်ဟန်ပြ ပြီး အချိန်တွေအများကြီးဆွဲထားတာပါ.. ဘာမှလည်းမဟုတ်ဘူး