မနေ့က နေပြည်တော်မှာ ဧရာဝတီမြစ်နဲ့ ရေကာတာ စီမံကိန်းများ အကြောင်း အလုပ်ရုံ ဆွေးနွေးပွဲ တခု လုပ်သွားပါတယ်။
ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ အမှတ် (၁) နဲ့ (၂) စက်မှုဝန်ကြီး ဦးစိုးသိန်း ပြောသွားတဲ့ စကားက စိတ်ဝင်စားဖို့ ကောင်းပါတယ်။
“ကျွန်တော် ဘယ်လိုပဲ အကြံပြုပြု ယခုသွားနေတဲ့ လမ်းကြောင်း က Government of the people, by the people, for the people, by the law ပါပဲ။ ပြည်သူအကျိုး၊ ပြည်သူက ရွေးကောက် တင်မြှောက်တာမို့ ပြည်သူ့အကျိုး ဦးထိပ်ပန်ဆင် ရကိုရမှာပါ။ ဒါက Confession ပါပဲ လို့ခံယူပါတယ်။ ကျွန်တော် အပါအ၀င် ကျွန်တော်တို့က မြဲတာမဟုတ်ပါဘူး၊ အိုခြင်းတရား၊ သေခြင်းတရားကို မရှောင်လွဲနိုင်ပါဘူး။ ယခု ရာထူးရာခံ၊ အာဏာအခွင့် အာဏာတွေအားလုံးက ကိုယ်ပိုင်မဟုတ်ပါဘူး၊ ရေပွက်ပမာ ခဏတာပါပဲ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးနဲ့ သားစဉ်မြေးဆက်သော ပြည်သူပြည်သားတွေကသာ ထာဝရတည်ရှိနေရမှာပါ။ ဒီကိစ္စ၊ ဒီ issue ကြောင့် စည်းလုံးညီညွတ်မှုအား ချည့်နဲ့မသွားစေသင့်ပါကြောင်း တင်ပြ အကြံပြုအပ်ပါတယ်” လို့ ဝန်ကြီး ဦးစိုးသိန်းက ပြောသွားပါတယ်။ (ကိုးကား - Eleven Media Group)
ပြည်သူ့ဆန္ဒကို လျစ်လျှူရှုလို့ မရဘူးဆိုတာကို အစိုးရအနေနဲ့ သဘောပေါက်တယ်လို့ မြင်မိပါတယ်။
သမ္မတအကြံပေး ဒေါက်တာ ဦးမြင့်ကလည်း မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ သတိပေးချက်ကို သမ္မတအား ပြောကြားပြီး ဖြစ်တယ်လို့ သိရပါတယ်။
(နောက်ဆက်တွဲ ဖြည့်စွက်ချက်) ဝန်ကြီး ဦးစိုးသိန်း ပြောသွားတာကို Eleven Media Group နဲ့ The Voice Weekly တို့ မီးမောင်းထိုး ရေးပြခဲ့ပေမယ့် ဒီနေ့ထုတ် သတင်းစာမှာတော့ လျှပ်စစ် (၁) ဝန်ကြီး ဦးဇော်မင်း ပြောတာတွေကိုပဲ ထည့်ထားပါတယ်။ ဝန်ကြီး ဦးစိုးသိန်းက အကြံပြုဆွေးနွေးသည်လို့ပဲ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဆင်ဆာဖြတ်တောက် ထုတ်တာကတော့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း လက်ချက်ပဲ ဖြစ်ပါတယ်။
ကျနော်တော့ ဒီနေ့ သတင်းစာဖတ်ရတာ အားမရှိပါဘူးဗျာ။ တထစ်လျှော့တယ်လို့လည်း မမြင်မိပါဘူး။ ခွေးမသားဇော်မင်း ပြောသွားတဲ့ စကားတွေဘဲ တွေ့နေရတယ်။ ဒီကောင်က ဒီအတိုင်းဆို လွှတ်တော်တင်ပြီး သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဘယ်လိုလုပ်ပါ့မယ်၊ ညာလို လုပ်ပါ့မယ်နဲ့ ပြည်သူတွေကို နားလှည့်ပါးရိုက် လုပ်သွားမှာကိုဘဲ မြင်နေတယ်။ တကယ်တမ်းကျတော့ သူတို့ လုပ်နေတာကို ပြည်သူတွေက စောင့်ကြည့်ပြီး ဒီနေရာ မလုပ်ပါနဲ့ လို့ ဟန့်တားနိုင်တဲ့ အခြေအနေမှ မရှိဘဲ။ အကန့်အသတ်နဲ့ ခွင့်ပြုလုပ်ကိုင်စေမယ်ဆိုရင်တော့ ဘာမှ ထူးမှာ မဟုတ်ဘူး။ လုပ်ချင်သလို လုပ်ကြမှ သေချာတယ်။ ကောင်းတာကတော့ ဒီစီမံကိန်းကြီး တစ်ခုလုံး လုံးဝကို ရပ်တန့်ပစ်လိုက်မှဘဲ ဧရာဝတီအတွက် စိတ်အေးရမှာပါ။ ပညာရှင်တွေအနေနဲ့လည်း ဟိုလိုလုပ်ရင် အန္တရာယ် နည်းမယ် ဒီလိုလုပ်ရင် အန္တရယ် မရှိဘူး ဆိုတဲ့ အကြံဥာဏ်မျိုးတွေ မပေးဘဲနဲ့ လုံးဝကို ရပ်ဆိုင်းပစ်လိုက်ဖို့ ခပ်ပြတ်ပြတ်ပြောကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျာ။