တကယ်လို့များ မြန်မာပြည်က ၀င်ပြိုင်မယ် ဆိုရင် ရနိုင်ချေ ရှိတာပေါ့။ ဘယ်ပြောနိုင်မလဲလေ။
ညခင်းဝတ်စုံ ဆိုပြီး လုံလုံခြုံခြုံ ၀တ်ပြရတာမျိုး ရှိသလို ရေကူးဝတ်စုံ လက်တ၀ါးသာသာ ၀တ်ပြရတာလည်း ရှိတယ်။
ဒီတော့ မယ်စကြာဝဠာ ပြိုင်ပွဲကို မြန်မာပြည်က ၀င်သင့်သလားလို့ တချို့ကို မေးကြည့်တော့ ၀င်လိုက်စမ်းပါကွာလို့ ဖြေကြပါတယ်။
မယ်စကြာဝဠာ ပြိုင်ပွဲကို မြန်မာပြည် ၀င်ပြိုင်သင့်ပါတယ်။
ရေကူးဝတ်စုံ ဆိုတာက အားကစားဝတ်စုံတခုပါပဲ။
ဘလော်ဂါ ခင်မင်းဇော်
http://khinminzaw.blogspot.com/
ခန္ဓာကိုယ်အချိုးအဆက်စံချိန်မီဖို့နဲ့ အင်္ဂလိပ်လိုကောင်းကောင်းဖြေနိုင် ပြောနိုင်ဖို့ပဲလိုတာပါ။
ယဉ်ကျေးမှုကို မထိခိုက်ပါဘူး။
ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/
တကိုယ်လုံးကြွလို့ မူယာကကြွယ်၊ မြောက်ကျွန်းအလှနဲ့ ပြိုင်ချင်စမ်းတယ်။
တကယ်မဖယ် ဒင့်စိတ်ထဲဝယ် မြင်ချင်ပါရဲ့ကွယ် ။
ဘလော်ဂါ မင်းဒင်
http://www.mindin.info/
မယ်စကြာဝဠာ ပြိုင်ပွဲ မြန်မာဝင်နွှဲမှဖြစ်မယ်။
အစိုးရလည်းကြိုက်၊ ရိုးရာလည်းထိမ်းပြီးသားဖြစ်အောင် ချိတ်ထမီအစကို ရေကူးဝတ်စုံ ချုပ်ဝတ်ပါ။
ဒီမိုကရေစီနဲ့ ဘီကီနီ ဆိုတာလည်း ခွဲခြားလို့ မရပါ။
ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/
မယ်စကြာဝဠာ ပြိုင်ပွဲကို မြန်မာပြည်က၀င်နိုင်တဲ့ အဆင့်မှီပါတယ်။
ရေကူးဝတ်စုံ လက်တစ်ဝါးစာလောက်ကတော့ အေးဆေး ပြိုင်ကြလိမ့်မယ်။
မပူပါနဲ့။ မယုံရင် မောင်စေတန်ဘလော့ဂ်မှာ သွားကြည့်ပါလား။ အဆင့်ကိုမှီနေတာပဲ။
ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/
တခြားအားကစားတွေလိုမျိုး စစ်တပ်က ဒါမှမဟုတ် အစိုးရက ကန့်လန့်ကန့်လန့်နဲ့ ၀င်မပါရင်တော့ ၀င်ပြိုင်သင့်ပါတယ်။
ကာတွန်း ဘီရုမာ
http://beruma.blogspot.com/
ကမ္ဘာမှာ မြန်မာရယ်လို့ ကောင်းသော ဂုဏ်ပြုမှုခံရမယ်ဆိုရင်တော့ မယ်စကြာဝဠာ ပြိုင်ပွဲ ဆိုတာကိုလည်း ၀င်ရောက်နိုင်ရင် အကောင်းဆုံးပဲပေါ့။
ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ
ဝင်သင့်တာပေါ့ဗျာ။
လက်တ၀ါးသာသာဝတ်စုံနဲ့ဆိုရင် မြန်မာမလေးတွေ ဘယ်လောက်ဆွဲဆောင်မှုရှိကြောင်း ကျနော်တို့ချည်း သိနေလို့ ဘယ်ပြီးမလဲဗျ။
ကမ္ဘာကို ရှယ်သင့်ပါတယ်။
ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/
ဝင်သင့်ပါတယ်။
ယဉ်ကျေးမှုဆိုတာ ခေတ်အလိုက် အချိန်အလိုက်ပြောင်းတာပါ။
အပြောင်းအလဲကို လက်မခံနိုင်တာဟာ မှားယွင်းမှု တခုလို့ ထင်ပါတယ်။
တခြားနိုင်ငံတွေမှာလည်း အ၀တ်အစားနဲ့ ပတ်သက်ရင် တချိန်ချိန်တခါခါမှာ မြန်မာတွေ ယူဆ လက်ခံသလို လက်ခံကြပါတယ်။
Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာ
http://facebook.com/RonaldAungNaing
နှာဗူးတွေအတွက်ကတော့အကြိုက်တွေ့ စရာကောင်းတဲ့
ပြိုင်ပွဲတခုပါ...။ သို့ သော် မြန်မာ့ယဉ်ကျေးမူ့ ကိုထိန်း
သိမ်းချင်တယ်ဆိုရင်တော့ ကိုယ့်မြန်မာမိန်းကလေးတွေကို
ဒီလိုမတော်မရော်အ၀တ်အစားတွေဝတ်ပြီး ကိုယ့်ဟာ
ကိုယ်ဖေါ်မှ ဆုရမယ့်ပြိုင်ပွဲမျိုးကို ၀င်မပြိုင်သင့်ပါဘူး။
လူကြီးမင်းတို့ တွေမှာ သားသမီးတွေရှိမှာပါနော်...
ကိုယ့်သမီးဟာကိုယ်ပြန်ကြည့်ရင်ဘယ့်နှယ့်နေမလဲ...??