အငြင်းပွားစရာ မြစ်ဆုံဆည် စီမံကိန်းကို ဆက်မလုပ်ဘဲ ရပ်ထားလိုက်မယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ လွှတ်တော်မှာ ပြောလိုက်ကြောင်း မြန်မာပြည်ကလာတဲ့ AP, Reuters သတင်းတွေက ဆိုပါတယ်။
ဒါဆိုရင်တော့ ဒီနေ့ဟာ မင်္ဂလာရှိတဲ့နေ့ပါ။
အလွှာအသီးသီးရဲ့ မြစ်ဆုံအရေး တောင်းဆိုချက်ကို ဂရုစိုက်ကြောင်း မနက်ပိုင်းမှာ သမ္မတက ပြလိုက်သလို
နေ့ခင်းပိုင်းမှာလည်း အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြပါမယ် တဲ့။
ထောင်တံခါးတွေဖွင့်ပေးမယ်ဆိုရင် ပိုပြီး မင်္ဂလာရှိမယ့်နေ့ ဖြစ်သွားမှာပါ။
....
နိုင်ငံတော်သမ္မတကြီးအား အလေးပြု !!!