ညစ်ညမ်း ဝက်ဘ်ဆိုဒ်များမှတပါး တခြားဝက်ဘ်ဆိုဒ်များကို ဖွင့်ပေးလိုက်ပါပြီလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနက အင်ဂျင်နီယာချုပ်က အတည်ပြု ပြောကြားလိုက်ကြောင်း Eleven Media Group သတင်းဆိုဒ်မှာ ဖော်ပြထားပါတယ်။
“အရင်က ပိတ်ထားတဲ့ ၀က်ဘ်ဆိုက်အရေအတွက်က ၇ သောင်းဝန်းကျင်ရှိပြီး အခုဖွင့်ပေးလိုက်တာက ၀က်ဘ်ဆိုက်ပေါင်း ၃ သောင်းကျော်လောက် ရှိတယ်။ ညစ် ညမ်းဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ Porn ၀က်ဘ်ဆိုက် ၂ သောင်းကျော်ကိုတော့ ဆက်ပိတ်ထားပါတယ်။ ကြည့်လို့မရသေးတဲ့ ၀က်ဘ်ဆိုက်ရှိရင် လာရောက် တောင်းဆိုနိုင်ပါတယ်” လို့ အဆိုပါ အင်ချုပ်က ပြောကြောင်း သိရပါတယ်။
ပိတ်ထားခဲ့တဲ့ ဆိုဒ်ပေါင်း ၇ သောင်းဆိုတော့ နည်းနည်း မျက်လုံးပြူးသွားပါတယ်။ အပြာဆိုဒ်ကလည်း ၂ သောင်းဆိုတော့ ဆက်သွယ်ရေးဝန်ထမ်းတွေ အတော် ကြိုးစားပမ်းစား စာရင်းပြုစုနိုင်ပါပေတယ်လို့ ချီကျူးမိပါရဲ့။
အင်တာနက်နှုန်းကတော့ လိပ်က အဘခေါ်ရမယ့် အခြေအနေရှိဆဲပါတဲ့။
ဘာဖြစ်ဖြစ် ပိတ်ထားတဲ့ ဝက်ဘ်ဆိုဒ်တွေ ပြန်ပွင့်တာ နား မျက်စိ ပွင့်ခြင်းတမျိုးပါပဲ။
အေးဗျာ ဒီလိုဆို အပြာ website တွေ လိုက်ကြည့်ရင် တသက်တာ အချိန် တွေ ကုန်သွား နိုင်တယ်။ thank u.. thank u