ဖေဖေ..သမီးကျောင်းသွားတော့မယ်.မုန့်ဖိုးပေးပါဦး။ ဒီနေ့တော့ခါတိုင်းထက်ပိုပေးပါနော်။
ဘာဖြစ်လို့လဲသမီးရဲ့ ??
ကျောင်းမှာသူငယ်ချင်းတွေနဲ့ပိုက်ဆံစုနေတာဖေဖေရဲ့ ..
ဟုတ်လား..ဘာအတွက်လဲ?
ဧရာဝတီမြစ်ကိုဝယ်ချင်လို့ပ်ဖေဖေ..။
ဟေ...!!! ဘာလို့ဝယ်ချင်ရတာလဲသမီးက??
သမီးတို့ပုဂံကိုသွားတုန်းကလေ...သီရိပစ္စယျဟိုတယ်ကနေဧရာဝတီမြစ်ကြီးရဲ့ နေဝင်ချိန်ကိုငေးကြည့်နေတာ...သိပ်လှတာပဲ။
အဲဒီဧရာဝတီမြစ်ကြီးရဲ့ ညနေဆည်းဆာအလှကိုထိုင်ကြည့်နေရတာကိုသမီးအရမ်းသဘောကျတယ်။ အဲလောက်လှတဲ့..ဧရာဝတီမြစ်ကြီးပျက်စီးသွားရင် နှမျောစရာကြီးဖေဖေရဲ့ ။ အဲဒါကြောင့်...အဲဒီဧရာဝတီမြစ်ကြီးကိုအပိုင်ဝယ်ထားချင်လို့။
သြော်....၊ အဲဒါပိုက်ဆံနဲ့ဝယ်လို့မရဘူးသမီးရဲ့ ။
အဲဒါဆိုဘာနဲ့ဝယ်ရတာလဲဟင်??
မျိုးချစ်စိတ်နဲ့ဝယ်ရတယ်။
အဲဒါရဖို့ဘယ်လောက်လိုလဲဟင်..??
ဘယ်လောက်မှမလိုပါဘူးသမီးရယ်..။ အဲဒီအတွက်တကယ်လိုအပ်တဲ့ လူနှစ်ဆယ်လောက်ပဲလိုတာပါ။ ။
ထူးနွယ်အိမ် (ဒါရိုက်တာ မောင်မျိုးမင်း - ရင်တွင်းဖြစ်ရဲ့ facebook ကနေ ယူပြီး မျှဝေပါတယ်)
အဲဒါကြီးက သန်းရွှေကြီးတို့ အကြွှေးနဲ့ဝယ်ထားတယ်လို့ကြားတယ်နော...ဟဲဟဲ..
ဖါးဖမ်းမယ်ဆိုလား ငါးဖမ်းမယ်ဆိုလားမသိဘူး...