လူအများအပြား ၀င်ရောက်ရေးသားတဲ့ မန္တလေးဂေဇက် ဘလော့မှာ လူပြပွဲ အဲ - ကားပြပွဲဓာတ်ပုံတွေ ဒီနေ့ တင်ထားပါတယ်။
အဲဒီမှာ တင်တဲ့အတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေက အများသား။
အနီရောင်ခြယ်တဲ့စည်းကမ်းချက်က ကော်ပီမကူးပါနဲ့ တဲ့။
အနီရောင်ခြယ်လည်း တင်ချင်သူတချို့က ဂရုမစိုက်ပါဘူး၊ တင်ချင်ရင် တင်မှာပါပဲ။
တကယ်တော့ အဲဒီပြပွဲပုံတွေက ဧရာဝတီဘလော့က ပုံတွေပါ။ ကားပြပွဲ ဆိုပြီး တင်ထားတာကို http://www.irrawaddyblog.com/2011/09/blog-post_7485.htmlမှာ ရှုစားနိုင်ပါတယ်။
ကော်ပီမကူးပါနဲ့ ဆိုပေမယ့် မျှဝေလိုစိတ် ပြင်းထန်လို့ ကူးလိုက်ပုံ ရပါတယ်။
သြော် ဧရာဝတီရယ် ခွင့်လွှတ်လိုက်ပါ၊ မသိ နားမလည်သူ မို့လို့ပါ၊ စိုင်းထီးဆိုင် သီချင်းထဲကလို ... ခွှင့်မတောင်းပေမယ့် ရပါတယ် ... ခွှင့်မတောင်းပေမယ့် ရပါတယ် ... ... ခွှင့်မတောင်းပေမယ့် ရပါတယ် ... ရပါတယ် ... ရပါတယ် ...