Messenger ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး ဖော်ပြဖို့ စိစစ်ရေးကျလာပါတယ်။ တချိန်တည်းမှာပဲ ပြည်သူ့ခေတ်ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးလည်း ဖော်ပြခွင့်ရပါပြီ။ ပြည့်သူ့ခေတ်ဂျာနယ်မှာ ဟံသာဝတီဦးဝင်းတင်ရဲ့ ပဉ္စမ မဏ္ဍိုင်ဆိုတဲ့ ဆောင်းပါး ကြော်ငြာကိုလည်း တွေ့ရပါတယ်။
ဒီအင်တာဗျူးတွေ၊ ဆောင်းပါးတွေ ဖော်ပြခွင့်ရဖို့ စာပေစိစစ်ရေးကို အကြိမ်ကြိမ် တင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဖော်ပြခွင့်ရပြီဆိုတော့ ကောင်းတဲ့ ခြေလှမ်းပဲလို့ ဆိုရပါမယ်။
(ပုံတွေကို ဖေ့စ်ဘုတ်က ယူပါတယ်)
အစိုးရကတော့ သတင်းတွေအကုန်ဖော်ပြခွင့်ပေးနေပြီ
ဧရာဝတီကလည်း ကွန်းမန့်တွေအကုန်ဖော်ပြနိုင်အောင် ကြိုးစားသင့်ပြီ
ဆဲဆိုရိုင်းစိုင်းမှုမပါပဲ အမှန်တရားဝေဖန်ထားတဲ့ ကွန်းမန့်တွေ ပါပါမလာဘူးဖြစ်နေတယ်