"သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးသမားစစ်စစ်လို့ ဦးသန်းမြင့်ဦးက ရေးပါတယ်၊ ဒါပေမယ့် သမ္မတရဲ့ လုပ်ရပ်တွေက သူပြောသလိုမှ မဟုတ်တာ။
ပြီးတော့ ရှိသေးတယ်၊ မြန်မာ့တပ်မတော်က လူမျိုးစုတွေကို တိုက်နေတာဟာ 'စစ်ပွဲငယ်လေးတွေ' လို့ ဦးသန့်မြင့်ဦး ရေးသားချက်က စော်ကားတာပဲ။ မြန်မာ့တပ်မတော်က အရပ်တကာမှာ နေ့တိုင်း နေ့တိုင်း ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေအကြောင်းတော့ ထည့်ရေးမထားဘူး။
မြန်မာ့တပ်မတော်သားတွေက ကျမ မိဘတွေကို သတ်လိုက်တယ်။ ကျမရဲ့ မောင်နှမတွေကို သတ်တယ်။ ကျမဦးလေးကို သတ်တယ်၊ မသတ်ခင် သူ့ မိန်းမကို မတရားဝိုင်းကျင့်ကြတာကို ကြည့်ခိုင်းလိုက်သေးတယ်။
စစ်သားတွေက ဒီလို လုပ်အားပေးခိုင်းတာ၊ မုဒိမ်းကျင့် အကြမ်းဖက်တာ၊ ရွာပြောင်းခိုင်းတာ ပြီးတော့ တခြားနည်းတွေနဲ့ အနိုင်ကျင့်တာမျိုး ဗိုလ်ကျစိုးမိုးတဲ့နည်းလမ်းပေါင်းစုံ သုံးနေကြတာကို ဘာကြောင့် အမေရိကန်သမ္မတ အိုဘားမားက ဦးသိန်းစိန်ကို ချီးကျူးနေရတာလဲ။
ဒီလို ကျူးလွန်နေကြတာတွေ၊ တိုင်းရင်းသားလူမျိုးစုငယ်တွေအပေါ် အနိုင်ကျင့်နေကြတာတွေကို ရပ်ပေးဖို့ သမ္မတဦးသိန်းစိန်က လုပ်ကို လုပ်ရမှာပါ။ ဦးသိန်းစိန်ကို ချီးကျူးဖို့ စောလွန်းပါသေးတယ်"
ဆောင်းပါးက ဒီလ ၅ ရက်နေ့မှာ ပါတယ်။
မိုင်းရာက ၆ ရက်နေ့ ရက်စွဲနဲ့ တုံ့ပြန်တယ်။
တုံ့ပြန်စာကို သတင်းစာမှာ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။
.....
"ဦးသိန်းစိန်ကို ချီးကျူးဖို့ စောလွန်းပါသေးတယ်" ဆိုတာလေးအပေါ်မောင်ကောင်းအမြင်ကတော့ ဦးသိန်းစိန် သည် ဘယ်တော့မှ အပြည့်အဝ ချီးကျူးခံပုဂ္ဂိုလ်တဦးဖြစ်လာမှာမဟုတ်ပါဘူးလို့မြင်ပါတယ်၊ ဘာကြောင့်လဲ ? ဆိုတော့ သူ့ရှိတဲ့အာဏာလေးတခုထဲနဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ - အခု အကျဉ်းသားလွှတ်ပွဲမှာ နိုင်/ကျဉ်း အနည်းငယ်ပဲပါလာတယ်၊ ကိုသူရပြောသလို အားလုံးလွှတ်ပေးစေချင်တယ်၊ ပြည်သူတွေ အတွင်းအပြင်က အော်နေကြသလို ဦးသိန်းစိန်ကြီး ညာတယ် လိမ်တယ်ဆိုတာတွေအသံဗလံပေါင်းစုံပေါ့ မောင်ကောင်းဖတ်ရကြားရမြင်နေရတယ်၊ အခုအစိုးရမတက်ခင်အချိန်အထိ သန်းရွှေကြီးက မည်ကဲ့သို့ မည်ချမ်းသာ ကွိုင်ကွိုင်က ဗေဒင်ယတြာမ စသဖြင့်ပစ်တင်ဝေဖန် မေတ္တာပို့နေသံတွေဟာ အခုတော့ လုံးလုံး ဆိတ်သုဉ်းသွားပြန်ပါပြီ။ မောင်ကောင်းဆိုလိုချင်တဲ့ ဆိုလိုရင်းက ဦးသိန်းစိန် တယောက်ထဲနဲ့ ဘာမှလုပ်လို့မရပါဘူး သူ့အပေါ်မှာချုပ်ထားတဲ့ လုံခြုံရေးကောင်စီက စီနီယာနတ်ဆိုးကြီးများကို တင်ပြရပါအုန်းမယ်၊ လုံခြုံရေးကောင်စီ က ဖြူဆိုဖြူမည်းဆိုမည်းပဲ၊ တချိန်က ဦးစန်းယုထက် နည်းနည်းသာယုံကလွဲလို့ ဦးသိန်းစိန် ခပ်ပါးပါးလေးတွေကလွဲလို့ ဘာမှလုပ်မပြနိုင်သေးပါဘူး အစိုးရသစ်တက်ပြီး အသစ်ပြောင်းလာတဲ့ အာဏာရှင်မဟာဗျူဟာတခုကတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချော့မော့ပြီး မှတ်ပုံတင်နိုင်ရေးနဲ့ - ၂၀၀၈ ဖွဲ့စည်းပုံ ကို လုံးဝလက်ခံလာရေးအတွက် ဖြေးဖြေး စစ်ဆင်နေတာလို့ပဲ မောင်ကောင်းဥာဏ်မီသလောက် တွေးယူကြည့်မိပါကြောင်း။