အယ်လ်ဂျာဇီးယားက ဦးတေဇနဲ့ တွေ့မေးပြီး “ပိတ်ဆို့ထားလည်း ထောနေဆဲ” (Myanmar tycoon's riches grow amid sanctions) ဆိုတဲ့ ရုပ်သံကို တင်ဆက်လိုက်ပါတယ်။ ဦးတေဇက သူကိုယ်တိုင် ဝန်မခံသော်ငြား မြန်မာပြည်က အချမ်းသာဆုံးထဲက တဦးပါ။ လူ ၆ သောင်းကို အလုပ်ပေးထားနိုင်တယ်၊ ဥရောပသမဂ္ဂနဲ့ အလုပ်လုပ်လို့ မရအောင် ပိတ်ဆို့ထားသည့်တိုင် ငွေရွှင်နေဆဲလို့ အယ်လ်ဂျာဇီးယားက ရေးထားပါတယ်။
ဦးတေဇကတော့ သူ့အကြောင်း ပြည်ပမီဒီယာတွေအထိ ခြေဆန့်ပြီး အစွံထုတ်လာတာ တွေ့ရပါတယ်။
အယ်လ်ဂျာဇီးယားနဲ့ တွေ့မေးခန်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
ဘ၀ နှင့် ပိုက်ဆံ ဆိုတာ Mafia တို့ Farm Ville တို့လို ဂိမ်းမျိုးတွေလောက် ဆော့ဘူးရင် အတန်အသင့် သဘောပေါက်နိုင်ပါလိမ့်မယ်။
တကယ်တမ်းစဉ်းစားကြည့်ရင် ဘ၀ရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်တဲ့ အနေအထားရပြီးချိန် ထပ်ဝင်လာတဲ့ ပိုက်ဆံတွေဟာ ရှေ့ကရှာခဲ့တာတွေလောက် ရင်ခုန်စရာ မကောင်းတော့ပါဘူး။
အဲဒီအချိန်ထိ ငွေပြီး ငွေ ဖြစ်နေသေးရင် ပုံမှန်မဟုတ်လို့ ဆိုနိုင်ပါမယ်။ ဘီလ်ဂိတ် အပါအ၀င် ဘီလျံနာတွေ ဘာလုပ်ကြသလဲ
ဝေးဝေးကြည့်စရာမလိုပါဘူး ကိုဇော်ဇော် ကိုကြည့်ပါ။ စီးပွားရှာတာချင်းတူပေမဲ့ ဟိုက image ပိုကောင်းနေတယ်။
ဘာလို့လဲဆိုတော့ လူမှုရေးလုပ်ငန်းတွေ အလှုအတန်းတွေ မှာရက်ရောတေယ်။ သိပ်ကောင်းလွန်းလှတယ် မဟုတ်ပေမဲ့ Tycoon တွေထဲမှာသူက သာနေတယ်။ လူချစ်လူခင်များတယ်။ တိုင်းပြည်ချစ်ရင် အသက်စွန့်စရာ မလိုပါဘူး။ သေးသွားတော့ ဘာလုပ်နိုင်မှာလဲ။ အဲဒါအပိုတွေ