"ဇူးမြတ်ထက်က အမျိုးသမီးသတင်းထောက်များအပါအ၀င် သတင်းထောက်များကို ကြမ်းတမ်းရိုင်းစိုင်းစွာဆဲဆိုခြင်း၊ ခြေဖြင့်လှမ်းကန်ခြင်း၊မော်တော်ယာဉ်မောင်းနှင်ထွက်ခွာရာတွင် လက်ခလယ်ထောင်ပြခြင်းများ စသည်.မယဉ်ကျေးသည်.အမူအရာပြုမူခဲ့ကြောင်း မျက်မြင်တွေ.ကြုံခဲ့သူများက ပြောကြားသည်" လို့ Voice ဂျာနယ် Facebook စာမျက်နှာမှာ တွေ့ရပါတယ်။
်
သတင်းထောက်တွေ သံချပ်ကာဝတ်စုံ ၀တ်ရတော့မယ် ထင်ပါရဲ့။ အထူးသဖြင့် ထက်ထက်တို့အမှုအကြောင်း သတင်းလိုက်တဲ့အခါမှာပေါ့။
ဒီအမျိုးရုပ်သားက ဘယ်သူ့ အားကိုးနဲ့ မိုက်ရိုင်းနေတာလဲ
မီဒီယာသမားတွေကို စော်ကားမော်ကား လုပ်နေတာကြီးကို မီဒီယာသမားတွေက ဘာမှပြန်မတုန့်ပြန်နိုင်ဘူးဆိုရင် တိုင်းပြည်ရဲ့ လေးခုမြောက်ဒေါက်တိုင်ကြီးကို ဥပဒေမဲ့ လုပ်နေတာလို့ ခံစားရပါတယ်။ စကောပီယံဂိုဏ်းသား တယောက်က ဒုချုပ်မောင်အေးကို လက်ခလယ်ထောင့်ပြ ( ဘမ်း ဘမ်း ဘမ်း )လုပ်ပြတုန်းက ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်တွေပိတ်သွားပါတယ်။ အခုကြတော့ သတင်းထောက်တွေကို ခြေနဲ့ ကန် ရိုင်းစိုင်းစွာ ဆဲံဆို လက်ခလယ်ထောင်ပြ အဲဒီလို အမျိုးရုပ်သားကိုမှ ဥပဒေအရ အရေးမယူရင်......
ပြည်သူ