မြစ်ဆုံဆည်စီမံကိန်း ရပ်လိုက်တာနဲ့ ပတ်သက်လို့ တရုတ်ကြီးက မျက်နှာကြောတင်းလာပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ မနေ့က ဘေဂျင်းကို အပြေးကလေးသွားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးကြပါတယ်။ ရလဒ်ကတော့ အကြေအလည် ပြေလည်အောင် ဖြေရှင်းပါ့မယ်တဲ့။
ဦးဝဏ္ဏမောင်လွင်က တရုတ် ဒုသမ္မတနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ဟိုက ဘာတွေ လက်ချာရိုက်၊ ဘာတွေ သြဝါဒပေး၊ ဘာတွေ ကြိမ်းမောင်းတယ် ဆိုတာတော့ ခုထိ မသိရသေးပါကြောင်း ...
ဓာတ်ပုံများ - AP
ဧရာဝတီမြစ်ဆုံအစား တခြားထိုက်သင့်တဲ့စာချုပ်အမြောက်
အမြားပေးရလိမ့်မယ်ထင်တယ်..တရုပ်ကတော့ခေါင်းပုံဖြတ်မယ့်စာချုပ်တွေချုပ်ဖို့များတယ်..မြန်မာတွေဘယ်လို့ငြင်းလို့ရမလဲ..တရုပ်အလိုကျ လိုက်လျောပေါ့..တရုပ်တောင်းယင်
ပေးရမှာပေါ့....မြန်မာခေါင်းဆောင်အဆက်ဆက်ကတရုပ်ကိုပထွေးတော်ခဲ့မိတာကိုး..အခုခံရတာ ပြည်သူ..
မြန်မာပြည်သူ....