အကျဉ်းသား ၆ ထောင်ကျော် လွှတ်မယ်ဆိုတော့ အားလုံးက ဝမ်းပမ်းတသာ လည်တဆံ့ဆံ့ ...။ မနေ့ကတော့ ပြည်တွင်းရော ပြည်ပမှာရော အုတ်အော်သောင်းတင်း ...။ ဘယ်သူတော့ လွတ်ပြီ ... ဘယ်သူတော့ မလွတ်သေး ... ဟိုလူနဲ့ ဟိုလူက နာမည်တူတာ ... သတင်းတွေက မျိုးစုံ။
ကိုဇာဂနာ လွတ်လာတယ် ... ဗိုလ်ချုပ်ဆေထင် လွတ်လာတယ် ... မစုစုနွေး လွတ်လာတယ် ... လွတ်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ ကြည့်လိုက်တော့ ၂၀၀ ဝန်းကျင် စာရင်းပေါက်တယ်။ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ဦးဂမ္ဘီရတို့၊ ကိုဇော်သက်ထွေးတို့၊ နေဘုန်းလတ်တို့ ... စသည်စသည် မျှော်လင့်ထားသလို ပါမလာ။
ထပ်များ လွှတ်ဦးမှာလား ... ၆ ထောင် မပြည့်သေးဘူးထင်ပါရဲ့ ... သို့လောသို့လောနဲ့ ... တခါ ဒီမနက်ကျ တာဝန်ရှိသူတွေကို လိုက်မေး၊ ဖုန်းဆက်တော့ ဒါ အကုန်ပဲ တဲ့။ နိုင်ငံရေးအကျဉ်းသားသော ဘာသော ခွဲတာမဟုတ် ဒီတိုင်း လွှတ်လိုက်တာပဲ လို့ နေပြည်တော်က တာဝန်ရှိသူက ဖြေပါတယ်။
ကိုဇာဂနာကတော့ လွတ်လာတဲ့ မနက်မှာပဲ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး “ဒီမနက်ကစပြီး မယုံတော့ဘူး” လို့ ပြောပါတယ်။ လွှတ်စရာရှိတာကို အကုန် မလွှတ်တဲ့အတွက်လည်း ကိုဇာဂနာက ပြင်းပြင်းထန်ထန် ထိုးနှက် ဝေဖန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို အသိအမှတ်မပြုဘဲ တခြားအကျဉ်းသားတွေနဲ့ ရောလွှတ်ပြီး လုပ်လိုက်တာကို ဦးဝင်းတင်ကတော့ မကျေနပ်ကြောင်း မနေ့က ပြောပါတယ်။
အစိုးရခါးပိုက်ဆောင်အဖွဲ့ဖြစ်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း သူတို့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ခါတော်မီ ကြေညာချက်မှာ “ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည်ဟု ဆိုသော” ဘာသော ညာသောဆိုပြီး ဝေ့လည်ကြောင်ပတ်တွေ ပြောထားပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ခင်အောင်မြင့်ကတော့ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ဗြောင်စိန် ပြောပြီးသားပါ။
၆ ထောင်ကျော်လောက် လွတ်တာမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ပျော့ပျော့ဆိုတော့ ထောင်တွေထဲမှာ ၁၈၀၀ နီးပါး ကျန်နေပါသေးတယ်။
သမ္မတဦးသိန်းစိန် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြီးက အဖျားရှုးကြီး ဖြစ်သွားပါတယ်။ မျှော်လင့်တကြီး ရှိနေသူများအတွက်တော့ အတော်လေး စိတ်ပျက်လက်ပျက် ပက်လက်လန်ရပါကြောင်း ...။
ဒီထက်လိမ်ရရင် ပြတ်ရုံရှိတော့ မပေါ့ ဆိုတာလေး ကြားဖူးကြသလား။ ဗမာတွေ သိတ်ခက်တယ်။ ဦးသိန်းစိန် ဆိုတာ ဗိုလ်ချုပ်ကြီး သိန်းစိန် ကနေပြီး ပုဆိုးပြောင်းဝတ် ခေါင်းပေါင်းပေါင်း ထားတာ။ အော် မေ့မနေကြနဲ့ဦး ။ ကြံ့ဖွတ် ပါတီ ခေါင်းဆောင် ဆိုတာလေး ရော။ အော်... တခု သတိရသွားတယ်။ တက်ကသိုလ် မက်ဂဇင်း ဟောင်းထဲက ကဗျာလေး.... မြွေဆိုရင် မြွေလိုပဲမြင်... နိုင်ကြပါစေ။