ဒီနေ့ ကျင်းပတဲ့ NLD အလုပ်အမှုဆောင်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အစည်း အဝေးမှာ အဓိက ဆွေးနွေးဖြစ်တာကတော့ ပါတီ မှတ်ပုံတင်သင့်၊ မတင်သင့် ကိစ္စဖြစ်တယ်လို့ သိရပါတယ်။ မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတဲ့ ဆုံးဖြတ်ချက် မကျသေးဘဲ သမ္မတနဲ့ ထပ်တွေ့ပြီးမှ ဒီကိစ္စ ဆုံးဖြတ်ချက်ချမယ်လို့ သိရပါတယ်။ မြစ်ဆုံဆည် ရပ်ဆိုင်းထားမယ့် ကိစ္စကိုတော့ NLD က ကြိုဆိုတယ်လို့ မီဒီယာတွေကို ပြောပါတယ်။ NLD ပြောခွင့်ရတဦးဖြစ်တဲ့ ဦးအုန်းကြိုင်ကတော့ ပါတီ မှတ်ပုံ တင်ရေး မတင်ရေး အကြောင်းကို အခုအချိန်မှာ ဘာမှ မပြောချင်သေးဘူးလို့ ဆိုပါတယ်။
အင်န်အယ်ဒီ မှတ်ပုံတင်ကိတ်စ မကြာခင် ဘလောက်တချို့  သတင်းအချို့ ။ ဗျူးတချို့ မှာ ဝေဖန်သုံးသပ် မကောင်းပြောတာတွေ မမြင်မကြားရခင်လေးမှာ ကြိုပြောချင်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကောင်းစားဖို့  လိုအပ်လာရင် အသုံးချခံတာကအစ။ နိုင်ငံရေးသေရုံမက နိုင်ငံရေး အ၀ိစိပဲရောက်ရောက် လုပ်သင့်လုပ်ထိုက်တယ်လို့  ဒေါ်စုတို့ သတ်မှတ်ရင် မှတ်ပုံတင်တာပဲဖြစ်ဖြစ် လုပ်ရမှာမို့  အင်န်အယ်ဒီ နဲ့ ဒေါ်စုအပေါ် အကြွင်းမဲ့ ၀န်းရံပေးကြပါလို့ ကြိုပြောထားချင်သပါ့၊