NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဇန်န၀ါရီလ ၁၉ ရက်နေ့က တော်ဝင်နှင်းဆီခြံမှာ ကျင်းပပြုလုပ်တဲ့ Shoe Gallery Customer များရဲ့ တတိယအကြိမ်မြောက် စုပေါင်းအလှူငွေပေးအပ်ပွဲ ကိုတက်ရောက်ပြီး ချီးကျူးဂုဏ်ပြု စကားပြောကြားခဲ့ပါတယ်။
စုစုပေါင်းလှူဒါန်းငွေ ကျပ် သိန်း ၁၀၀ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အလှူရှင်များကိုယ်စား
အဖွဲ့ချုပ်ပညာရေးကွန်ယက်အတွက် ကျပ်သိန်း ၅၀ ၊
သင်ကန်းကျွန်းစံပြဆေးရုံအတွက် ကျပ်သိန်း ၃၀၊
လပြည့်ဝန်း မိဘမဲ့ဂေဟာ အတွက် ကျပ်၁၀ သိန်းနဲ့
ဗန်းမော်ကသလစ်ကျောင်းအတွက် ကျပ်၁၀သိန်းတို့ကို အသီးသီးပေးအပ်လှုဒါန်းခဲ့ပြီး ကိုဖြီုးမင်းသိန်း၊ ဒေါက်တာခင်ထားထားနဲ့ မနီလာသိန်း တို့က လက်ခံရယူကြပါတယ်။
NLD ပါတီရံပုံငွေအတွက် လျူဒါန်းငွေကျပ် ၆ သိန်း ၃ သောင်းကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံ ရယူခဲ့ပါတယ်။
အချက်အလက်နဲ့ဓာတ်ပုံများ - NLD Facebook
အားလုံးအလှူခံရငွေတွေကိုခွဲဝေလှူဒါန်းပုံကအားလုံးနမူနာယူကြပါ။ကောင်းသောလမ်းစဉ်ကိုလမ်းညွှန်ပြနေတဲ့အမေစုရဲ့နိုင်ငံရေးပါတီ NLD က၊မစို့မပို့အလှူငွေကိုဘဲလက်ခံတယ်။
အများစုသောအလှူငွေများကိုလူမှုရေးအသင်းကြီးများကို၊တကယ်လိုအပ်နေတဲ့နေရာများကိုဖြည်ဆည်းပေးတာပါ။
လက်ရှိစစ်အစိုးရနဲ့နှစ်ပေါင်းရာစုနှစ်တဝက်လောက်အကျင့်ပျက်လာဘ်လာဘပေးပြီးပျက်စီးနေသောလူအများစုကဒါမျိုးတွေကိုနမူနာယူပြီး၊
ပျက်အစဉ်၊ပြင်ခေတ္တဆိုသလိုအကျင့်ကောင်းများကိုလုပ်နိုင်ကြပါစေ။
လာမဲ့လွှတ်တော်ဘဏ်ဌာရေးဆွဲတဲ့နေရာမှာလဲ၊
ကျန်းမာရေး၊လူမှုရေး၊ပညာရေးတွေအတွက်ငွေအလုံးအရင်းသုံးတာကိုမြင်ရပြီး၊စစ်တပ်စရိပ်ကို၁ပြား၂ပြားလောက်သာသုံးတဲ့ပြည်သူ့အတွက်ဘဏ်ဌာငွေဖြစ်တာကိုဘဲမှန်မှန်ကန်ကန်မြင်ချင်ပါတယ်။