Ko Ye / Facebook မှာ ဖော်ပြထားတဲ့ ပို့စ်တခုကို ကူးယူ ဖော်ပြပါတယ်။
(ဆက်စပ် ဖတ်ရှုရန် ဦးခင်ညွန့်ကိုကျေးဇူးတင်သူ)
အေးအေးငြိမ်း၊ အိအိငြိမ်းဆိုတာ ကျနော့ညီမလေးတွေဆိုလဲ မမှားပါဘူး။ ဒီ Post ရဲ့ Comments (http://www.irrawaddyblog.com/2012/01/blog-post_6828.html) ကိုမြင်တော့ သူတို့လေးတွေကို အထင်မလွဲစေချင်တာရယ်၊ အများမသိသေးတာတွေကိုလဲ သိစေချင်တာကြောင့် သိသလောက် ရှင်းပြချင်ပါတယ်။
သူတို့လေးတွေကို ကျနော့ဖေဖေ Dr. ယဉ်ငြိမ်းက ဘီးလင်းမြို့မှာ ဗိုက်ခွဲပြီး မွေးပေးခဲ့ပါတယ်၊ အမွှာမှန်းသိပေမဲ့ ရင်ချင်းဆက်မှန်းတော့ မသိခဲ့ပါဘူး။ ဘီးလင်းလို (အဲဒီအချိန်က အညိုရောင်နယ်မြေ) မြို့နယ်လေးမှာ စစ်ဆေးဖို့ လုံလောက်တဲ့ ဆေးကရိယာကလဲ ရှိဘူးလေ။ ခလေးတွေမွေးလာတော့ ဆင်းရဲတဲ့ တောင်သူ မိဘ၊ မိသားစုခမျာ ခလေးတွေ အသက်ရှင်ရေးအတွက် ခွဲစိတ်ကုသဖို့ကို တွေးပြီး ငိုလိုက်ကြတာ...
ဖေဖေနဲ့ဆေးရုံဆရာဝန်၊ ၀န်ထမ်းတွေက အလှူငွေမတည်ပြီး စေတနာရှင်မိသားစုရဲ့ကားနဲ့ တမြိုနယ်လုံး လော်စပီကာနဲ့အော်ကာ အလှူငွေစုပြီး ရန်ကုန်ကလေးဆေးရုံကိုလွှဲအပ်ကာ နိုင်ငံတော်ဆီက အကူအညီတောင်းပေးခဲ့ပါတယ်။ အဲဒီလိုမိဘ ပြည်သူတွေရဲ့ကျေးဇူးကို သူတို့လေးတွေ လုံးဝမမေ့တာ အသေအချာပါ။
ဒါဆို ဦးခင်ညွှန့်ကို ဘာ့ကြောင့် "သမီးတို့ ကို လူလားမြောက်အောင်မွေးပေးခဲ့တဲ့ ကျေးဇူးရှင်ပါ။" လို့ပြောတာလဲ။ မိဘပြည်သူတွေရဲ့ ကျေးဇူးကိုမေ့လို့လား။
တကယ်တော့ အဲဒီအချိန်တုန်းက ခွဲစိတ်ကုသဖို့ နည်းပညာနဲ့ ကုန်ကြစရိတ်ကို ရရှိဖို့ ဦးခင်ညွှန့်က အသေးစိတ် ကူခဲ့တာပါ။ နောက်တခုက ခလေးတွေရဲ့မိသားစု။ အသက်နဲ့ရင်းပြီး မွေးထားတဲ့ မိဘက သမီးလေးတွေနားမှာ ရှိနေချင်တာပေါ့။ ဒါပေမဲ့ ခလေးတွေက နိုင်ငံတော်ခလေးတွ ဖြစ်နေပြီ။ မိဘတွေခမျာ တွေခွင့်တောင် အနိုင်နိုင်ရယ်ပါ။ ခလေးဆေးရုံ ၀န်ထမ်းတွေက ခလေးတွေရဲ့ အလှူငွေတွေကို လိုချင်လို့ လာတယ် ဆိုတဲ့ စာနာချက် ကင်းမဲ့တဲ့ စွတ်စွဲချက်နဲ့ ကလေးတွေရဲ့ ဆေးကုနေချိန် အကြောင်းပြကာ ပေးမတွေ့လို့ လွမ်းလွန်းလို့ တောကနေ လာကြည့်တိုင်း ငိုပြီးပြန်ခဲ့ရချိန်တွေက အကြိမ်ကြိမ်ပါ။ ဒီလိုနဲ့ စာနယ်ဇင်းတွေ ကျေးဇူးကြောင့် ဦးခင်ညွှန့် သိသွားပြီး မိဘတွေကို တွေခွင့်ရအောင် စီစဉ်ပေးခဲ့ပါတယ်။ နောက်ပြီးတော့ မကြာခဏတွေ့နိုင်အောင် ရန်ကုန်စည်ပင်သာယာမှာ မိဘတွေကို အလုပ်ပေးပြီး နိုင်ငံ့ဝန် ထမ်းဆောင်စေကာ ၀န်ထမ်းအိမ်ရအောင် ဘောင်အတွင်းက ကူညီခဲ့ပါတယ်။
ကဲ.. ဒီလောက်ဆို သဘောပေါက်လောက်ပါပြီ။ ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်း သိတာ မင်္ဂလာတပါးပါ။ သူတို့လေးတွေက အဖြူရောင်လေးတွေပါ။ နိုင်ငံရေးဆိုတာကိုလဲ နားမလည်ပါဘူး။ ပြည်သူတွေကို မေ့ပြီး ဦးခင်ညွှန့်ကိုမှ ကျေးဇူးသိတတ်ပြတာ မဟုတ်ပါဘူး။ အားလုံးဟာ သူတို့ရဲ့ မိဘတွေ၊ ကျေးဇူးရှင်တွေပါ။ အဲဒီကျေးဇူးကို သူတို့ရော သူ့မိသားစုကပါ မမေ့ဘူးဆိုတာ ကျနော် ရဲရဲ အာမခံပေးပါတယ် ခဗျာ။
အင်းပေါ့။ဖြစ်သင့်တာပေါ့။ လူတယောက်ဟာလူတယောက်
အပေါ်မှာဆိုးဝါးနေပေမဲ့ အခြားလူတယောက်အပေါ်မှာတော့ကောင်းနေနိုင်တာပေါ့။
မျှတွေးရမှာပေါ့။