အခုလည်း မသွားနိုင်သေးပါဘူး။
ဒီပွဲကတော့ ရန်ကုန်မှာ ပြုလုပ်တာဖြစ်လို့ ရောက်ခဲ့ပါပြီ။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်ရောက်နေတုန်း ဒီဆုကို ပေးအပ်တာ ဖြစ်ပါတယ်။
ရန်ကုန်ရောက် ပြင်သစ်ဝန်ကြီးဟာ မနက်ဖန် ဦးသိန်းစိန်နဲ့ တွေ့ပါမယ်။
ပြင်သစ်ဝန်ကြီး(တွေ) မြန်မာပြည် လာဖူးပေမယ့် နိုင်ငံခြားရေးဝန်ကြီးလာတာကတော့ ပထမဆုံးပါပဲ။
နိုင်ငံတကာသတင်းတွေမှာတော့ သူ့ခရီးစဉ်ကို သမိုင်းဝင်ခရီးစဉ်လို့ ဆိုနေပါတယ်။
သူ့ထက်သူသမိုင်းဝင်ခရီးတွေ ပြီးခဲ့တဲ့လများမှာ မြန်မာပြည်ထဲ ရှိခဲ့တာမို့ ဒီခရီးက သိပ်မထင်ရှားသလိုပါပဲ။
ထင်ရှားသူအများအပြားကို ထောင်ထဲက လွှတ်ပေးတဲ့ကာလမို့ သူ့ခရီး အထူးအာရုံစိုက်ခံရမယ် မထင်ပါ။
(စကားမစပ် - အောက်ဆုံးကဓာတ်ပုံကို ကြည့်ပါအုံး၊ စားပွဲပေါ်က ရုပ်တု အလှဆင်ပစ္စည်းများလား။ ဘုရားစင်လား။ ဥရောပသားတွေက ဘာသာရေးဆိုင်ရာ ရုပ်တုတွေကို အလှဆင်တာ ထုံးစံပါ။ ရိုးနေပါပြီ။ ရန်ကုန်မြို့ သံရုံးမှာ အဲဒီလို အလှဆင်တယ်ဆိုရင်တော့ ဝေဖန်ရေးဖိတ်ခေါ်သလို ဖြစ်တော့မယ်)
The most memorable for her ever. She could attend the ceremony. The french people should be very proud of Aung San Su Kyi personal unique auspiciousness. Our people are very happy too. I congratulate to French foreign minister
schedule in here for his visit. The most priority work first. Well done.