ဖေဖော်ဝါရီ ၁၄ ရက်နေ့ အင်္ဂါနေ့က ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမန်ဝန်ကြီး တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အသံဖိုင် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး စတင် ပြောဆိုပါတယ်။
အဲဒီနောက် ဂျာမန်ဝန်ကြီးကလည်း ဆွေးနွေးပွဲအကြောင်း အကျဉ်းချုံး ပြောဆိုပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ပါပဲ။ တယောက်ကို တမိနစ်လောက် ပြောကြပါတယ်။
သတင်းထောက်တွေရဲ့ အမေးတွေကို သူတို့ ၂ ယောက် ဖြေဆိုကြပါတယ်။
ဒီမှာ နားထောင်ဖို့ အခက်အခဲ ရှိရင် မူရင်း အသံဖိုင်စာမျက်နှာ http://soundcloud.com/sithublogger/daw-suu-and-german-federal-1 မှာ နားထောင်နိုင်ပါတယ်။
ဂျာမန်ဝန်ကြီးက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Mr. Dirk Niebel ဖြစ်ပါတယ်။
ပြည်ပ ခေါင်းဆောင်တွေက၊ Myanmar လို့  ခေါ်နေကြပြီး၊ ဒေါ်စုက Burma လို့ ပဲ ခေါ်နေသေးတာ နည်းနည်း ထူးခြားနေသေးသလိုပဲ။ Myanmar လို့  ဒေါ်စုကို ခေါ်စေချင်တဲ့ သဘောမျိုး ပြောတာမဟုတ်ပါဘူး။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပြီး တက်လာတဲ့ အစိုးရက ပြောင်းထားတဲ့ နာမည်မဟုတ်လို့ ၊ မခေါ်ချင်တာတော့ သိပါတယ်။ တိုင်းပြည်ရဲ့ အရေးပါအရာရောက်ဆုံး အစိုးရအဖွဲ့ အတွက်၊ အမတ်လောင်းအဖြစ် အရွေးခံတော့မယ့် ဒေါ်စုကို၊ အသေးအဖွဲ ကိစ္စလေးတခုကြောင့် အစိုးရက ငြိုငြင်သွားမှာကို စိုးရိမ်မိလို့ ပါ။