(ဓာတ်ပုံများ - ဧရာဝတီ)
ရန်ကုန် လှိုင်သာယာ စက်မှုဇုန်က အလုပ်သမား တထောင်ကျော် ဆန္ဒပြနေကြတာ ၁၁ ရက် ရှိသွားပါပြီ။
အချက်အလက်တချို့နဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
မနက်ဖြန်လည်း ဆန္ဒပြပွဲ ဆက်ဦးမယ်၊ မနက် ၇း၀၀ မှာ စမယ်လို့ ဆိုတယ်။
သတင်းကိုတော့ ဧရာဝတီ ပင်မ စာမျက်နှာ http://burma.irrawaddy.org/archives/6202 မှာ ဖတ်ရှုနိုင်ပါတယ်။
တောင်းဆိုထားတာတွေအားလုံးက ဆန္ဒပြဖို့တောင်မလိုပဲ အလုပ်သမားဥပဒေက အကာကွယ်ပေးသင့်တာတွေပါ. ဥပဒေက ဒီထက်တောင် အကာကွယ်ပေးသင့်ပါတယ်။
တောင်းဆိုထားတာတွေ အကုန်လိုက်လျှောရင်တောင် တနေ့ ၁၂ နာရီ (၈ + အချိန်ပို ၄)+ ရက်မှန်ကြေး + ဆုကြေး ဘာညာပေါင်းပြီးမှ တလ၂၆ရက် နဲ့တွက်ရင်တောင် တရက် ကို USD ၃.၅၀ လောက်ပဲရမှာပါ။ တနာရီ လုပ်ခ USD ၀.၃၀ လောက်ရဖို့ အရေး ဆန္ဒပြနေရတဲ့ဘ၀ တကယ်ဝမ်းနဲစရာပါ.. တကယ်ပြောင်းလဲတိုးတက်တယ်ဆိုတာ ဒီလိုအခြေခံဘ၀တွေတိုးတက်မှပါ။ US, Japan, EU တို့နဲ.ဆက်ဆံတွေ့ဆုံ နေရုံ နဲ့အချိန်ကုန်မနေရင်သင့်ပါ။ ပြည်သူ့အကျိုးလိုလားတဲ့ မီဒီယာများ များများတင်ပေးစေချင်ပါကြောင်း...