ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ဒေသ မဲဆွယ်ခရီး သွားခါနီးမှာ ထွက်လာတဲ့ ကြော်ငြာ ဖြစ်ပါတယ်။
အဲဒီလောက်ကြီးဟိုဟာမလုပ်ရဒီဟာမလုပ်ရနဲ့ ဆိုရင်တော့ ဒီမိုကရေစီလို့ပြောမနေပါနဲ့တော့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုးနှောက်ယှက်နေတာ ကမ္ဘာကသိပြီး အစိုးရဘယ်လောက်သက္ခာကျလဲဆိုတာ မစဉ်းစားမိတာလား ၊ အရင်အချိုးအတိုင်းခပ်ပြောင်ပြောင်ဘဲ ဆက်လုပ်မှာလား ၊ တကယ်ပြောင်းလဲဖို့ဆန္ဒမရှိဘူးဆိုတဲ့ သဘောလား။ မင်္ဂံလာဆောင်တို့ ၊ ရှင်ပြုတို့ကားတန်းတွေကကော ဘယ်လိုအချိန်ခြားပြီး လှည့်လို့ရမှာလဲဗျာ။ ဒါဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်ခရီးစဉ်တွေကို ရည်ရွယ်နှောက်ယှက်မှန်း သိသာလွန်းပါတယ်။ ဟောပြောပွဲနေရာအခက်အခဲဖြစ်အောင်လုပ်တယ် ၊ နောက်ပြည်သူတွေကိုဟောပြောပွဲလာလို့မရအောင်လုပ်တယ် ၊ အခုတခါဖြစ်တဲ့နေရာမှာဖြစ်သလိုပြည်သူကလည်းပူးပေါင်းပါဝင်ကြတော့ လာမဲ့လူကိုလာလို့မရအောင်လုပ်ပြန်ပြီ။ သန်းခေါင်စာရင်တိုင်ရမယ်ဆိုပြီးဥပဒေတွေကလည်းထုတ်ပြန်နဲ့ ဘာတွေမှန်းကိုမသိပါဘူးဗျာ။ ဒါတွေဟာဒီမိုကရေစီကိုသွားနေတာတွေမဟုတ်တာတော့သေချာနေပါပြီ။ ဒီအချိုးပါဘဲဗျာ...အရာကြီးပါဘဲ။
ဧရာဝတီရေ ကျွန်တော့် comment ကပိုဂ္ဂိုလ်ရေးလည်းမတိုက်ခိုက်ဘူး။ ရိုင်းစိုင်းကြမ်းတမ်းမှုလည်းမပါဘူး။ ဘာလို့မတင်ပေးတာလဲမသိဘူးနော်။ ဧရာဝတီလည်း ရိုးသားမှုသိပ်မရှိတော့ဘူးလို့ခံစားရပါတယ်။ နာမည်ကြီးပြီး အခွင့်အရေးရအောင် လုပ်စားတော့မလုပ်ပါနဲ့နော်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေက အရင်ကတည်းကရှိတာသိပါတယ်။
ဘယ်သူတွေက လိုက်နာနေကြလို့လည်း၊
တာဝန်ရှိသူတွေကကော စည်းကမ်းကိုလိုက်နာလို့လား၊
စည်းကမ်းမလိုက်နာသူတွေကိုကော စည်းကမ်းအရ
ဆောင်ရွက်လို့လား။
အခုမှ သိအောင်လုပ်တာ ဘာကြောင့်ဆိုတာ
အသိသာကြီးပါ။ ဘယ်စစ်ယာဉ်တန်းမှ သတ်မှတ်ချက်
အတိုင်းလိုက်နာတာ မတွေ့ဖူးပါ။ တပ်က ယာဉ်မောင်း
တွေကို သွားမေးရင် ဘာတွေလာမေးနေတာလဲလို့
ပြန်ဟောက်လိုက်လိမ့်မယ်။
ကိုသူရိယရေးတာ comment ၂ခုက နာရီဝက်လောက်ပဲ ခြားတယ်လေ။ နောက်ပြီး ညဖက်ကြီးဆိုတော့ ဧရာဝတီကလူတွေလဲ approve လုပ်ဖို့ online မရှိကြလို့ နေမှာပေါ့။ တခြား comment တခုအကြောင်း ပြောတာဆိုရင်တော့ မသိ။
အဲ့ဒီစည်းကမ်းက အရင်ကတည်းကရှိတဲ့စည်းကမ်းပါ လိုင်စင်ဖြေရင် ၀ယ်ရတယ်စာအုပ်မှာတောင် ပါပါတယ်..