ဌာနဆိုင်ရာများမှာ အရာရှိကြီးငယ်တွေဟာ စစ်တပ်ကလူတွေဖြစ်နေတာ မြန်မာပြည်မှာတော့ သဘာဝကျသလို ဖြစ်နေပါပြီ။
သမ္မတတောင် စစ်တပ်ကလူ မဟုတ်လား။
လွှတ်တော်ထဲ စစ်အရာရှိ တမတ်သား ၀င်ထိုင်ဖို့ ဥပဒေတောင် ပြဋ္ဌာန်းထားတာပဲ။
ဌာနဆိုင်ရာများတော့ ဘယ်လောက်သား ရှိမယ် မသိပါ။
စနေနေ့ထုတ် မြန်မာ့အလင်းသတင်းစာဖော်ပြချက်အရ လွှတ်တော်ထဲမှာ အဲဒီ မိုးကျရွှေကိုယ် မူဝါဒကို ဆွေးနွေးကြတယ် တဲ့။
ရှည်ရှည်လျားလျား ဖြေကြားထားတဲ့ထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
လွှတ်တော်ထဲကို ဓါးပြ နည်းနဲ့ဝင်လာသူတွေနဲ့ သခိုး နည်းနဲ့ဝင်လာသူတွေ ဝတ်စားဆင်ယင်မှု့မတူကြဘူး ပွင့်လင်းမြင်သာအောင် ခွဲခြားသတ်မှတ်ထားတယ်