တနင်္လာနေ့မှာ လွှတ်တော်အစည်းအဝေးတွေ ပြန်စမယ်။
ဒီလဆန်းပိုင်း ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရတဲ့ NLD ကိုယ်စားလှယ် ၄၃ ဦးကိုလည်း ဖိတ်ခေါ်ထားပါတယ်။
ကိုယ်စားလှယ်သစ်တွေ ဖြစ်တဲ့အတွက် လွှတ်တော်မှာ ကျမ်းသစ္စာဆိုပါမယ်။ ကျမ်းကျိန်ရာမှာ ပါဝင်တဲ့ စကားရပ်ဖြစ်တဲ့
အခြေခံဥပဒေကို "ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည်" ဆိုတာကို NLD က လက်မခံနိုင်ပါဘူး တဲ့။ ဒီစကားရပ်ကို "လေးစားလိုက်နာပါမည်" လို့ ပြင်ပေးမှ လွှတ်တော်တက်၊ ကျမ်းကျိန်နိုင်မယ် တဲ့။
NLD ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ ဆိုပြီး ဒီဘလော့မှာ စစ်တမ်းကောက်ထားပါတယ်။
လက်ရှိအချိန်မှာ ပေးထားတဲ့သဘောထားတွေကို အခုလို တွေ့ရပါတယ်။
မှန်တယ်၊ ပြင်ဆင်ပေးမှ လွှတ်တော်တက်ပါ။ 558 (67%)
မပြင်ပေးလည်း လွှတ်တော် တက်လိုက်ပါလေ။ 213 (25%)
စိတ်မ၀င်စားပါ။ 51 (6%)
Votes so far: 822
Days left to vote: 2
စာဖတ်သူ ၈ဝဝ ၀န်းကျင်ရဲ့ သဘောထားပါ။
မပြင်ပေးလည်း လွှတ်တော် တက်လိုက်ပါ၊ အခြေခံဥပဒေကို "ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည်" ဆိုပြီး ကျမ်းကျိန်လိုက်ပါ လို့ ဆိုလာသူ အရေအတွက် မနည်းလှပါ။
တနင်္လာနေ့ နေ့ခင်း ၂ နာရီ မတိုင်ခင်အထိ သဘောထားပေးလို့ ရပါတယ်။
၁) လွှတ်တော်မတက်ဘူးဆိုရင် လွှတ်တော် တက်နိုင်ဖို့ မဲပေးတဲ့ ပြည်သူကို မလေးစားတာပဲ။
၂) ဒါဆို တိုင်းပြည်အတွက် အကျိုးရှိပါတယ်ဆိုရင် ကျွန်မကို အသုံးချတယ်ဆိုရင်လည်း အသုံးချခံပါ့မယ်လို့ ပြောခဲ့သလဲ။
၃) အခု လွှတ်တော်မတက်တာက ဘာအတွက်လဲ။
- နိုင်ငံရေး ဂုဏ်သိက္ခာအတွက်လား
- ပါတီ ဂုဏ်သိက္ခာအတွက်လား
- အမတ်တွေရဲ့ ဂုဏ်သိက္ခာအတွက်လား
- သန်း ၆၀ သော ပြည်သူအတွက်လား
ရှင်းပါ။
၎) ရှင်းရှင်း ပြောမယ်။ နောက်တစ်ခါ နောက်ပြန်လှည့်ရင် အဓိက တရားခံက အင်အယ်လ်ဒီပဲ။
၅) ပြည်သူအတွက် ဘာမှ အကျိုးမရှိတဲ့ နိုင်ငံရေး ရပ်တည်ချက်က ဘာမှ သုံးမရတဲ့ ရပ်တည်ချက်ပါပဲံ။ အတ္တကြီးသူ နိုင်ငံရေး သမားများရဲ့ ရပ်တည်ချက်ပါပဲ။ နိုင်ငံရေး ရပ်တည်ချက်တွေက ပြည်သူရဲ့ အကျိုးနဲ့ တိုက်ရိုက်အချိုးကျသင့်တယ်။