ကချင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်းကို အစိုးရကရော KIA ကပါ တိတိကျကျ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။
အစိုးရက မီဒီယာမျိုးစုံ ပိုင်ဆိုင်ပေမယ့် တိုက်ပွဲသတင်းအမှောင်ချတဲ့ မူဝါဒကို မပြောင်းလဲသေးပါ။
KIA ကတော့ အွန်လိုင်းမီဒီယာ လုပ်နိုင်ခွင့် ရှိပါလျက်နဲ့ တကျော့ပြန် ကချင်ပြည်နယ်စစ်ပွဲ တနှစ်ပြည့်တော့မယ့် ဒီနေ့အချိန်အထိ ကိုယ်ပိုင်အွန်လိုင်းမီဒီယာ ထူထောင်ပြီး သတင်း ထုတ်ပြန်တာ၊ ၀ါဒဖြန့်တာ မလုပ်သေးပါဘူး။ သတင်းဌာနများက ဆက်သွယ်ကြမှပဲ အချက်အလက်ပေးတဲ့အဆင့် ဖြစ်နေပါတယ်။
ဒါကြောင့် ဒီရက်ပိုင်း ပြင်းထန်လာတဲ့ တိုက်ပွဲတွေ၊ နေရာသစ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်းက မြန်မာပြည်ကိုသွားတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး နဲ့ ဥရောပ ၀န်ကြီးများရဲ့ ခရီးစဉ်တွေကြားထဲမှ မှိန်နေပါတယ်။
လက်နက်ကြီးကျည်တွေကတော့ KIA ဌာနချုပ်နယ်မြေထဲ ကျနေပြီလို့ သိရပါတယ်။ စစ်ဒဏ်ခံရတဲ့အရပ်သားများ အခြေအနေကိုလည်း မသိရသေးပါ။
ဒီနေ့ အစိုးရသတင်းစာများမှာတော့ ကချင်ပြည်နယ်အတွင်း မငြိမ်မသက်မှု ဖြစ်နေတယ် ဆိုတာလောက်ပဲ အခုလို ရေးထားပါတယ် -
မိုးမောက်မြို့ ကုန်းနှောရွာကို KIA လက်နက်ကြီးနဲ့ပစ်၊ အရပ်သား ၂ ဦး ဒဏ်ရာရ
မိုးညှင်းမြို့ ရထားလမ်း မိုင်းကွဲ၊ မြစ်ကြီးနား-မန္တလေး ရထား လူစီးတွဲ ၈ တွဲ လမ်းချော် ၂ ဦး ဒဏ်ရာရ
Please visit here.
http://www.kachinnews.com/ for updated news about Kachin State. Thanks.