NLD အမတ်များ နေပြည်တော်သွားပြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီမနက် စာနယ်ဇင်းသမားတွေနဲ့ဆုံစဉ် ပြောလိုက်ပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ တက်မယ်လို့ ဆိုပါတယ်။
“ပြည်သူ့ဆန္ဒ” အရ ဒီလို ဆုံးဖြတ်လိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကျမ်းကျိန်စာသား ပြင်သည်ဖြစ်စေ၊ မပြင်သည် ဖြစ်စေ ကျင်းပနေဆဲဖြစ်တဲ့ လွှတ်တော်ကို တက်ရောက်မယ်လို့ ဆိုပါတယ်။
ကျမ်းကျိန်စာသားမှာ အခြေခံဥပဒေကို "ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည်" အစား "လေးစားလိုက်နာပါမည်" လို့ ပြင်ပေးမှ NLD ကိုယ်စားလှယ်အသစ် ၄၃ ဦး လွှတ်တော်တက်၊ ကျမ်းကျိန်နိုင်မယ် လို့ မကြာသေးခင်က ဆိုခဲ့ပါတယ်။
ဝမ်းသာပါသည်။ကျေးဇူးလည်း တင်ပါသည်။