အဒေါ်နာမည်က ဒေါ်ငြိမ်းအေးလို့ခေါ်ပါတယ်...။ အမည်ကသာ ဒေါ်ငြိမ်းအေး ဆိုပေမယ့် သူ့ဘ၀က ငြိမ်းအေးချမ်းသာစွာ နေရသူတော့ မဟုတ်ပါဘူး။ ဘ၀ကို သူရုန်းကန်နေရတာက နေရတော့ လယ်တီရပ်ကွက်၊
သားသမီးက ၅ ယောက်။
၉ တန်းကျောင်းသား ၁ ယောက်၊ ၆ တန်း၊ ၃တန်း စတဲ့ ကျောင်းသားတွေပါ။ ကလေးတွေ အဖေဖြစ်သူက ဟို..ရင်တလောကပဲ ဆုံးသွားပါတယ်တဲ့။
အခု ကျောင်းတွေက ပြန်ဖွင့်ချိန်၊ ဒီအချိန်ရောက်တိုင်း ကျောင်းသား မိဘတွေ ခေါင်းကိုက်တတ်ကြတာ ကြုံဖူးသူတိုင်း သိကြမှာပါ။ သူ့ခင်ပွန်းဆုံးသွားတာနဲ့ပတ်သက်လို့ သူ့ အပြောကတော့ --
"ဆင်းရဲတဲ့ ဒဏ်တွေကြောင့်လို့ပြောလို့ရပါ တယ်..။ ဖျားနာတာကစပြီး ရတဲ့ရောပါ..ပြည်သူ့ဆေးရုံသွားတက် တယ်..ဆေးရုံရောက်တော့..ပိုပြီးမျက်နှာငယ်ရတဲ့ အကြောင်းက အဒေါ်တို့က ဓနမှမရှိခဲ့တာကိုး..။ ဖျာနာဆောင်ထဲမှာတက်ခဲ့တယ်..။ ရုတ်တရက်ကြီးဆုံးသွားရတာပါ...။ယောင်္ကျား ဆုံးသွားပြီးကတည်းက မိသားစုအတွက်ဆိုရင် အိမ်ဦးနတ်ရော..အိမ်နောက်နတ်ပါ အဒေါ်တစ်ယောက်ထဲ ဦးဆောင်ခဲ့ရတယ်..။ အစကတော့ အဒေါ်အလုပ်က စက်မှုဇုန်မှာရှိတဲ့ ခေါက်ဆွဲစက်ရုံမှာလုပ်ပါတယ်...။ မပိုလျှံပေမယ့် မိသားစု စားလောက်တယ်..။ အခုတော့ လျှပ်စစ်မီး မလာတာကြောင့် စက်ရုံလည်း အလုပ်မဆင်းရတော့ဘူး။ ကလေးတွေကျောင်းအပ်ဖို့လည်း ပိုက်ဆံမရှိဘူး"လို့ ဒေါ်ငြိမ်းအေးက ပြောဆိုရင်း မျက်ရည်များကျလာပါ တယ်။
ဒီလို မငြိမ်းအေးတဲ့ ဒေါ်ငြိမ်းအေးလို့ ဘ၀တွေ မြန်မာပြည်မှာ အများကြီးရှိနေတယ်ဆိုတာ လေအေး စက်ကြီးများ အချိန်ပြည့် တပ်ဆင် အသုံးပြုထားသော အစိုးရ လူကြီးမင်းများမြင်စေချင်နေမိသည်မှာ အခါခါပါ..။ ကျောင်းအပ်ဖို့အတွက်ပိုက်ဆံမရှိတာကြောင့် အခုလို အမျိုးသမီးတန်ပဲ.နဲ့ ဆိုက္ကားထွက်ပြီးနင်းရ တာပါ....။ ဆင်းရဲနွမ်းပါးမှုများ ပပျောက်ပါစေ...။
By: Monywa Maung
0 comments :
Post a Comment