မန်းသားလေး
ခြင်ဆေးခွေထွန်းပြီး တံခါးပိတ် အိပ်ရာမှ ကလေးငယ် တစ်ဦး သေဆုံးပြီး သုံးဦး ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း မန္တလေးနေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၈လမ်းနှင့် ၄၂လမ်းထောင့်ရှိ ရဲဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သူ ဒုတိယရဲအုပ် ပင်လုံထွန်း နှင့် ၄ မိသားစုဝင်များသည် မေလ ၁၄ ရက် ညပိုင်းက တံခါးများပိတ်ပြီး ကျင်းထုံခြင်ဆေးခွေထွန်းကာ အိပ်ခဲ့ကြသည်။ လေအေးပေးစက်ဖွင့်ထားသည်ဟု ဆိုသည်။
နောက်တနေ့ နံနက် ၉နာရီအထိ အိပ်ရာမှ မနိုးကြသေးသဖြင့် အိမ်နီးချင်း မအေးမွန်ခိုင်က သွားရောက်ကြည့်ရှုရာ လေးဦးစလုံး သတိလစ်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြပြီး အသက် ၁ နှစ် ၈ လ အရွယ် သားငယ် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။
တရုတ်ပြည်ဘက်မှတင်သွင်းလာသော ကျင်းထုံအမှတ်တံဆိပ် ခြင်ဆွေးခွေသည် အလွန် အရောင်းသွက်ခဲ့သည်ဟု သိရသည်။ ထိုခြင်ဆေးခွေတွင် ပိုးသတ်ဆေး ပါဝင်မှု ၀ ဒသမ ၀၈ ရာခိုင်နှုန်း ပါဝင်သဖြင့် အသုံးမပြုရန် အာဏာပိုင်တို့က တားမြစ်ထားသော်လည်း မန္တလေးရှိ ဆိုင်တချို့တွင် ဆက်လက် ရောင်းချလျက် ရှိနေသေးကြောင်း သိရသည်။
အော်တရုတ်တရုတ် အော်မြန်မာမြန်မာ ဘယ်သူ့ကိုဘြာြေေေပြောေပြောရမှပြောရမှန်ပြောရမှန်းပြောရမှန်းေပြောရမှန်းကိုပြောရမှန်းကိုပြောရမှန်းကိုမေပြောရမှန်းကိုမသိပြောရမှန်းကိုမသိပြောရမှန်းကိုမသိတောပြောရမှန်းကိုမသိတော့ပြောရမှန်းကိုမသိတော့ေပြောရမှန်းကိုမသိတော့ပါပြောရမှန်းကိုမသိတော့ပါဘူပြောရမှန်းကိုမသိတော့ပါဘူးဘပတသမကနရမပာ