မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ တွေ့နေရပါပြီ။
ဘယ်လောက်အထိ အလုပ်ဖြစ်မလဲ?
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဧရာဝတီဘလော့မှာ ဒီနေ့ နေ့ခင်းပိုင်းက စတင်ပြီး စစ်တမ်းတခု ကောက်နေပါတယ်။
စာဖတ်သူ ၁၀၀ ကျော်ဆီက ရခဲ့တဲ့ သဘောထားတွေကို အခုလို တွေ့ရပါတယ် -
သမ္မတဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီတို့ ရည်မှန်းထားတဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အပြောင်းအလဲများဟာ
- မြန်မာပြည်သူများနဲ့ နိုင်ငံတကာရဲ့ အားပေးမှုကြောင့် ရည်မှန်းထားသလို အကောင်အထည် ပေါ်လာပါလိမ့်မယ်။ 17% (20 votes)
- ခေတ်နောက်ပြန်ဆွဲသူတွေကို မလွန်ဆန်နိုင်လို့ အပြောင်းအလဲ မဖြစ်နိုင်ပါ။ 11% (13 votes)
- ဦးသိန်းစိန်ရဲ့ မပြတ်သားမှု၊ အုပ်ချုပ်ရေးဝန်ထမ်းများ မကျွမ်းကျင် မနိုင်နင်းမှုတွေကြောင့် အပြောင်းအလဲ နှေးကွေးပါလိမ့်မယ်။ 71% (81 votes)
Total Votes: 114
သုံးရက်ပြည့်ရင် ဒီစစ်တမ်းက ထွက်လာတဲ့ အဖြေကို ထပ်မံ ကြေညာပေးမှာဖြစ်ပါတယ်။
သဘောထားပေးဖို့ရွေးပေးထားတဲ့title၃ခုထဲမှာ
၁။ ။နိုင်ငံခြားအကူအညီတွေရနေတိုင်းကျုပ်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီပြုပြင်ပြောင်း
လဲရေးကိစ္စမအောင်မြင်နိုင်ပါ။
၂။ ။ခေတ်စံနစ်ကိုနောက်ပြန်ဆွဲခြင်နေသူတွေကြောင့်လဲအရှိန်အဟုန်ယူပြောင်းလဲ
ရမယ့်ဒီမိုကရေစီလမ်းခရီးကိုအနှောင့်အယှက်/ဆူးညှောင့်ခလုတ်အဖြစ်မခံနိုင်ပါ။ ပြည်
သူတွေစည်းလုံးဖို့၊သတ္တိဖို့နဲ့သတိရှိဖို့(နွားကွဲချိန်ကိုအလစ်ဝင်ဆွဲဖို့စောင့်နေတဲ့ကျားငစဉ်း
လဲရဲ့ရန်)အထူးလိုအပ်သလိုပြတ်ပြတ်သားသားဖယ်ထုတ်ပြစ်ရပါမယ်။
၃။ ။ဦးသိန်းစိန်ရဲ့မပြတ်သားမှု၊နိုင်ငံ့ဝန်ထမ်းများမကျွမ်းကျင်မှုဆိုရာမှာလဲ၊သမ္မတကို
ပြတ်ပြတ်သားသားဖြစ်လာအောင်ပြည်သူနဲ့တကွနိုင်ငံရေးပါတီအသီးသီးကခေါင်းဆောင်
တွေဝိုင်းပြီးတွန်အားပေးခြင်း၊မကျွမ်းကျင်သူကိုကျွမ်းကျင်အောင်ပြုပြင်ပေး၊မရင်လူစား
လဲပြစ်။စတာတွေလုပ်ကြရပါလိမ့်မယ်။