ဒီမနက် မန္တလေးမြို့ ရဟန်းရှင်လူ ပြည်သူအများအပြား စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်ဒေသပဋိပက္ခနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တားနားရဲ့ ပြောဆိုချက်ကို ကန့်ကွက်ကြောင်း၊ သမ္မတဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြသူအများအပြားက ဦးသိန်းစိန်ရုပ်ပုံပါ တီရှပ်တွေ ၀တ်ဆင်ထားကြတာကို တွေ့ရပါတယ်။
“သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကာကွယ်ပါ” ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း ကိုင်ဆောင်ထားကြပါတယ်။
~
အရှင်ဝီရသူတို့ သမတကို ထောက်ခံပွဲ လုပ်ဘို့ အားလုံးစီစဉ်ပြီးတဲ့ အချိန်မှာဘဲ သမတကြီးက ဆူပူမှုကို လှုံ့ဆော်သူ ကုလနဲ့ အင်န်ဂျီအို ၀န်ထမ်းတွေကို လွှတ်ပေးလိုက်ပါရောလား။
လုပ်လက်စနဲ့ ထောက်ခံမည့်သူတွေ အတော်အရှိန်ပျက်သွားသည်ဟု သိရသည်။သမတကို ထောက်ခံမည်လုပ်တိုင်း ဒီလိုတွေဖြစ်နေကျပါ။
ထောက်ခံပွဲလုပ်တဲ့ တာဝန်ခံတွေကို ဥပဒေချိုးဖောက်လို့ဆိုပြီး ပြစ်ဒဏ်တွေ မပေးပါစေနဲ့လို့ဆုတောင်းနေရပါသည်။