၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကို JacKass...အဖွဲ့တခုက Hack လုပ်လိုက်တယ်လို့ မင်းကိုနိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့ရပါတယ်။
အပေါ်ပုံမှာ မြင်ရတဲ့အတိုင်း ဟက်ကာတွေက ကာဗာ ကိုလည်း လဲလိုက်ပါတယ်။ အလားတူ အောက် မှာ ဖော်ပြထားသလို မင်းကိုနိုင်ရဲ့ စာမျက်နှာကို စိတ်ကြိုက်စီမံထားပါတယ်။
ဟက်ကာတွေဟာ ဘယ်သူတွေ ဆိုတာ မသိရပေမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ ညပိုင်းမှာ အဆိုပါ အဖွဲ့က မင်းကိုနိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကို ထိမ်းချုပ်သွားတယ်လို့ ဆိုထားပါတယ်။
နည်းပညာခေတ်ကြီးမှာ ဖေ့စ်ဘုတ်ဘဲဖြစ်ဖြစ်၊ အီးမေးလ်ဘဲဖြစ်ဖြစ် အရာရာ သတိထားဖို့နဲ့ နည်းပညာ ကို ခေတ်နဲ့အမီ နားလည်ထားသင့်တယ်ဆိုတာကို အခုဖြစ်ရပ်က သတိပေးနေပါတယ်။
0 comments :
Post a Comment