-
ရန်ကုန်ဟာ နယ်က ရောက်လာတဲ့သူတွေကို နေထိုင်စရာ နဲ့ အလုပ်အကိုင်တွေ ပေးတယ်။ ပြည်ပက အလုံးအရင်း ၀င်လာတဲ့ မော်တော်ကားများကို လမ်းကြီးလမ်းငယ်အသွယ်သွယ်မှ ဖြစ်သလို နေရာပေးထားပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့ဟာ အကြီးအကျယ် ပြောင်းလဲနေလိုက်တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကနဲ့မတူသလို ပြီးခဲ့တဲ့နှစ်ကနဲ့လည်း မတူတော့တာကို သတိထားမိပါတယ်။
အရောင်အသွေးစုံလင်တဲ့ ရန်ကုန်ရဲ့ ပုံရိပ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဒါတွေကတော့ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ မြင်ရတာတွေပါ။ မြင်ကွင်းတချို့ကို မကြာခင် ထပ်မံ မျှဝေပေးမှာဖြစ်ပါတယ်။
-
ရန်ကုန်ဟာ နယ်က ရောက်လာတဲ့သူတွေကို နေထိုင်စရာ နဲ့ အလုပ်အကိုင်တွေ ပေးတယ်။ ပြည်ပက အလုံးအရင်း ၀င်လာတဲ့ မော်တော်ကားများကို လမ်းကြီးလမ်းငယ်အသွယ်သွယ်မှ ဖြစ်သလို နေရာပေးထားပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့ဟာ အကြီးအကျယ် ပြောင်းလဲနေလိုက်တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကနဲ့မတူသလို ပြီးခဲ့တဲ့နှစ်ကနဲ့လည်း မတူတော့တာကို သတိထားမိပါတယ်။
အရောင်အသွေးစုံလင်တဲ့ ရန်ကုန်ရဲ့ ပုံရိပ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ရိုးမဘဏ်ခွဲများလည်း
အလုပ် ပိုပြီး များလာပါပြီ။
ဒီဘဏ်ကို ကန့်သတ်ထားတာတွေ
အစိုးရက လျှော့ချလိုက်ပြီးနောက်မှာ
ရိုးမဘဏ်ခွဲများ လူဝင်လူထွက်
စိတ်လာတာကို တွေ့နေရပါပြီ။
|
ဒီ
သီချင်းစာအုပ်များကတော့
တအုပ် ၁၀၀ ဖြစ်ပါတယ်။
|
စက္ကူကြမ်းနဲ့
ပုံနှိပ်ထားတဲ့ ဒီလို
သီချင်းစာအုပ်တွေက ရန်ကုန်
လမ်းဘေး ဈေးကွက်မှာ
အရောင်းအ၀ယ်ဖြစ်နေတာ နှစ်ပေါင်း
၃၀ ထက် မနည်းတော့ပါဘူး။
|
လမ်းဘေးဈေးသည်
အမျိုးသမီးများမှာ တွေ့ရတတ်တာကတော့
သနပ်ခါးပါပဲ။
|
ဧရာဝတီဘလော့မှာ
ဖော်ပြဖို့ ခွင့်ပြုပါ ဆိုပြီး
ဓာတ်ပုံရိုက်ခဲ့ပါတယ်။
|
မိတ်ကပ်တွေ
ဘယ်လောက်ပဲ ခေတ်စားပါစေ
သနပ်ခါးကတော့ ခေတ်ကုန်သွားတယ်ရယ်လို့
မဖြစ်သေးတာ တွေ့ရမှာပါ။
|
ရန်ကုန်
ဘတ်စ်ကားမှတ်တိုင်တခုရဲ့
မြင်ကွင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့
၁၀ နှစ်ကဆိုရင် ဒီနေရာမှာ
တယ်လီဖုန်းပြော၊ ဂျာနယ်ဖတ်ရင်း
ကားစောင့်နေသူကို တွေ့ရမယ်
မဟုတ်ပါဘူး။
|
ဦးကျော်သူတို့ဆီ မျက်စိခွဲမဲ့ လူနာတွေအတွက် လှူချင်လို့ အသေးစိတ့် မေးချင်ပါတယ်။ ဘယ်သှူဆီ ဘယ်ဖုန်းနံပါတ် ဆက်ရမလဲ သိတဲ့သူတွေ ရှိရင် ပြောပြပေးပါ။ကျေးဇူးတင်ပါတယ်။